တိုင်ရီ စက်ရုံ အလုပ်သမားအခွင့်အရေး ပြဿနာ မပြီးပြတ်

labour_workers_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption အလုပ်သမား အခွင့်အရေး အတွက် ချီတက် လှည့်လည် ခဲ့ကြစဉ်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုံက တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား အခွင့်အရေး ပြဿနာ ကို ဒီဇင်ဘာ ၂ ရက် ဗုဒ္ဓဟူး နေ့က အလုပ်သမား ၊ အစိုးရ နဲ့ အလုပ်ရှင် ၃ ပွင့်ဆိုင် ကိုယ်စားလှယ် တွေ ဆွေးနွေး ခဲ့ ကြပေမယ့် အပြီးသတ် အဖြေ မထွက်ပဲ ပြီးဆုံး ခဲ့ရပါတယ်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေ အရ ပြင်ပ အလုပ်သမား အဖွဲ့အစည်း တစ်ခုခု မှာ (၂)နှစ် အတွေ့ အကြုံ ရှိတဲ့သူ ကို တိုင်ရီ အလုပ်သမား ကိုယ်စားလှယ် အနေနဲ့ ခန့်အပ်ပိုင် ခွင့် ရှိတယ် ဆိုတဲ့ အလုပ်သမား တွေ ဘက်က တောင်းဆို မှု အပေါ် အလုပ်ရှင် ဘက်က တိကျတဲ့ အဖြေ မပေး ခဲ့ပါဘူး။

စက်ရုံ ကနေ အလုပ် ထုတ်ခံ ထားရတဲ့ အလုပ်သမား ခေါင်းဆောင် တချိုဟာ အလုပ်သမား အခွင့်အရေး တောင်းဆိုမှု တွေ ထဲမှာ ဆက်လက် ပါဝင် ပတ်သက် နေပြီး စက်ရုံထဲ ဝင်ထွက် သွားလာ နေတာ ကို အလုပ်ရှင် ဘက် က ပိတ်ပင် တားဆီး ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ ကတော့ လုပ် ငန်းခွင် အေးချမ်း ရေး အပေါ် လိုလားပြီး အလုပ်ထုတ် ခံ ထားရတဲ့ မမိုးဝေ တို့ အပေါ် ပြန်လည် စဉ်းစား ကြဖို့ တိုက်တွန်း ခဲ့တယ် ဆိုပြီး ဆွေးနွေးပွဲ တက်ရောက် ခဲ့တဲ့ အလုပ်ရုံ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ဘီဘီစီ ကို ပြောပါတယ်။

ဆွေးနွေးခဲ့တာ မပြီးပြတ် ခဲ့တဲ့ အတွက် နောက်တစ်ကြိမ် ဆွေးနွေးမှုကို ဒီဇင်ဘာလ (၄)ရက်နေ့မှာ လုပ်ဖို့ သဘောတူ ခဲ့ကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ