အနိုင်ရ တိုင်းရင်းသား ပါတီတွေ တွေ့ဆုံ

  • 2 ဒီဇင်ဘာ 2015
una_ ဓာတ်ပုံ မူပိုင် una
Image caption UNA တိုင်းရင်းသား ထိပ်ပိုင်း ခေါင်းဆောင် တွေ

ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေ ပါဝင်တဲ့ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA ) နဲ့ မိတ်ဖက် အဖွဲ့ အစည်း တွေ ရန်ကုန်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး မှာ ဗုဒ္ဓဟူး နေ့က တွေ့ဆုံ ခဲ့ကြပါတယ်။

ဒီလို တွေ့ရာမှာ အစိုးရသစ် ဖွဲစည်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး တာတွေ ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ တွေ့ဆုံ တဲ့ နေ့မှာ UNA နဲ့ မိတ်ဖက် အဖွဲ့တွေ တွေ့ကြ တာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် နဲ့ UNA ဒီရက်ပိုင်း မှာ တွေ့ဆုံကြဖို့ရှိ တာကြောင့် ဒီလို တွေ့ဆုံကြ ရင် ဘာတွေ ပြောကြမယ် ဆိုတာ တိုင်ပင်တာပါ ။

ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် တို့ တွေ့ဆုံတာ ကောင်းမွန် သလို တိုင်းရင်းသား ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကို လည်း တွေ့ဆုံပြီး တိုင်းရင်းသား တွေရဲ့ သဘောထား ကို ရယူတိုင်ပင်ဖို့ လိုတယ်လို့ တိုင်းရင်းသားတွေ ဘက် က ပြောဆို ကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ