မသန်စွမ်းသူများနေ့ ရန်ကုန်မှာ ကျင်းပ

  • 3 ဒီဇင်ဘာ 2015
disabled_myanmar ဓာတ်ပုံ မူပိုင် AP
Image caption အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနား

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ရန်ကုန်မှာ ဒီကနေ့ ကျင်းပပါတယ်။

၂ဝ၁၄ က ကောက်ခံတဲ့ သန်းခေါင် စာရင်းက မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၂ သန်း လောက် ရှိတယ် လို့ သိရပါတယ်။

အစိုးရသစ် တက်လာခါ နီး မှာ မသန်စွမ်း တွေ အတွက် စိန်ခေါ်မှု တွေ ရှိနေသေးတယ် လို့ မြန်မာ နိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ အသင်း ရဲ့ အတွင်းရေးမှူး အင်းစိန် ခဝဲခြံ မျက်မမြင် ကျောင်းအုပ်ကြီး ဦးသိန်းလွင် က ပြောပါတယ်။

မသန်စွမ်းတွေ အတွက် လမ်းပန်း သွားလာရေး အဆင်ပြေဖို့နဲ့ ကျောင်းတိုင်းမှာ မသန်စွမ်းတွေ တက်ရောက်ခွင့် ရဖို့ လိုသေးပြီး အစိုးရက ဒါကို ဆောင်ရွက် ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း သတ်မှတ်ချက် တွေမှာ ကျန်းမာ သန်စွမ်းရမည် ဆိုတဲ့ သတ်မှတ်ချက်တွေ မပါတော့ပေမယ့် မသန်စွမ်း တွေ အတွက် တိတိကျကျ အခွင့်အရေး ရှိဖို့ လိုတယ် လို့လည်း ပြောပါတယ်။

အခု ရွေးကောက်လိုက်တဲ့ လွှတ်တော် သစ်မှာ မသန်စွမ်း ကိုယ်စားလှယ် တယောက် ပါဝင်လာပြီ ဖြစ်ပါတယ်။

မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ နောက် အစိုးရ လက်ထက်မှာ အသက်ဝင်လာတော့မှာ လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ