ထိုင်းဒုက္ခသည် စခန်းမှာ သတ်သေသူ တွေရှိ

thai_burma
Image caption တာ့ခ်ခရိုင်က မဲလ ဒုက္ခသည် စခန်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် က မဲလ ဒုက္ခသည် စခန်း မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု တွေ များလာ နေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကလည်း ဇနီးမောင်နှံ ၂ ယောက် ပိုးသတ်ဆေး သောက်ပြီး သတ်သေ သွားခဲ့ ပါတယ်။

သတ်သေ သွားတဲ့ ဇနီးမောင်နှံ ဟာ အသက် ၂ဝ အရွယ် စောမောင်ညွန့် နဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီး အသက် ၁၈ နှစ် အရွယ် နော်အုံး မြင့် တို့ ဖြစ်ကြပါတယ်။

သတ်သေ တဲ့ အကြောင်းကို စခန်း ကော်မတီဝင်တွေက စုံစမ်းနေဆဲ လို့ ပြောပြီး အကျယ်တဝင့် ပြောဖို့ လူတိုင်းက ရှောင်ကြတာ တွေ့ရပါတယ် ။

ထိုင်း နိုင်ငံ မှာ စားနပ် ရိက္ခာ ထောက်ပံ့မှု မလုံလောက် လို့ ကျပ်တည်း လာတာ၊ မြန်မာ နိုင်ငံ မှာ ပြန်ပြီး နေစရာ မြေမရှိ၊ လုပ်စရာ အလုပ်မရှိ ဖြစ်နေ တာ၊ တတိယ နိုင်ငံ သွားဖို့ မလွယ်ကူ တာ စတဲ့ အခက်အခဲတွေ ကြောင့် စိတ်ဓာတ် ကျပြီး သတ်သေသူ တွေ များလာတယ် လို့ မဲဆောက် က နိုင်ငံရေး ဒုက္ခသည် တယောက် က ပြောပါတယ်။

မဲလ ဒုက္ခသည် စခန်းမှာ အခုတလော မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှု ၁၃ မှု အထက် ဖြစ်ခဲ့တယ်လို့ ဒုက္ခ သည် တွေက ပြောပါတယ်။

မဲလအပြင် တခြား ဒုက္ခသည် စခန်းတွေ မှာလည်း ရိက္ခာလျှော့ခံ ရတာရှိပြီး အရင်လို စခန်း အပြင်ထွက်ပြီး ဟင်းစာ နေ့စားလုပ်ခွင့် မရတာတွေ၊ တတိယ နိုင်ငံသွားခွင့် မရတာတွေ ကြောင့် စိတ်ညစ် အရက်စွဲပြီး သေဆုံး သူတွေ၊ မူးယစ်ဆေးစွဲပြီး လူသတ်မှုတွေ ဖြစ်တာလည်း များနေတယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ