တရားဥပဒေ စိုးမိုးရေး ဦးစားပေးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

  • 5 ဒီဇင်ဘာ 2015
Image caption တရားဥပဒေ စိုးမိုးရေးက အဓိက လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီဇင်ဘာလ ၅ ရက်နေ့က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာရွေးကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ အထက်မြန်မာပြည်က NLD ကိုယ်စားလှယ် တွေနဲ့ ပျဉ်းမနား မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

တွေ့ဆုံပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေကို ပြည်သူ့ အကျိုးကို ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ကြောင်း ပခုက္ကူမြို့ လွှတ်တော် ကိုယ်စားလှယ် မဇင်နီနီဝင်းက ဘီဘီစီကို ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးကို နံပတ် ၁ နေရာက ထားပြီး လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို နံပတ် ၂ အဖြစ် လုပ်ဆောင်မယ် လို့ ပြောကြား ခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ တဲ့ ကိုယ်စားလှယ်တွေက ပြောကြားပါတယ်။

တွေ့ဆုံပွဲ အစမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက သူရ ဦးတင်ဦးက ဆရာမွေး တပည့်မွေးတာတွေ မလုပ်ဖို့၊ ဆရာ တပည့်မွေးလို့ ဖဆပလ အဖွဲ့ကြီး ပြိုကွဲ ခဲ့ရတာ ဖြစ်တယ်လို့ ဥပမာပေး ပြောကြားခဲ့ ပါတယ်။

လွန်ခဲ့တဲ့ တစ်ပါတ်က ရန်ကုန် မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အောက်မြန်မာပြည်က NLD ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံပွဲ အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အမတ် လစာ လျော့ချရေး၊ လဘ်ပေးလဘ်ယူ မလုပ်ဖို့ နဲ့ ဥပဒေတွေကို လေ့လာကြဖို့ အတွက်ကိုလည်း တိုက်တွန်း ပြောကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ