မြန်မာအပေါ်ချမှတ်ထားတဲ့ လက်ကျန် စီးပွားရေး ပိတ်ဆို့မှုတွေကို အမေရိကန် ပြင်တော့မယ်

  • 5 ဒီဇင်ဘာ 2015
Image caption နာမည် ပျက် စာရင်းထဲ ထည့်ထားသူ ပိုင်ဆိုင်တဲ့ ဆိပ်ကမ်းကို ဖြတ်ပြီး ကုန်သွယ် တဲ့ လုပ်ငန်း တွေ အပေါ် အမေရိကန် ဘဏ်တွေ ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ မှု တွေ မပြုလုပ် နိုင် ဖြစ်နေရ။

မြန်မာ နိုင်ငံ ကို ချမှတ်ထားဆဲ လက်ကျန် စီးပွားရေး ပိတ်ဆို့ ကန့်သတ် ထားမှုတွေ ကို ပြင်ဆင် ပြောင်းလဲဖို့ အမေရိကန် က ဆောင်ရွက် နေပါတယ်။

မြန်မာ နိုင်ငံ ရန်ကုန် မြို့ရဲ့ အဓိက ဆိပ်ကမ်း ကို ထိန်းချုပ် ထားတဲ့ သူဟာ အမေရိကန် အစိုးရ က နာမည် ပျက် စာရင်းထဲ ထည့်ထားတဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ဖြစ်နေတဲ့ အတွက်၊ အမေရိကန် ဘဏ်တွေ အနေနဲ့ အဲဒီ့ ဆိပ်ကမ်းကို ဖြတ်ပြီး ကုန်သွယ် တဲ့ လုပ်ငန်း တွေ အပေါ် ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ မှု တွေ မပြုလုပ် နိုင် ဖြစ်နေရတယ် ဆိုပြီး အမေရိကန် ဘဏ်တွေ က ပြောဆို လာခဲ့တဲ့ နောက်ပိုင်း အမေရိကန် အစိုးရ ဘက်က တုံ့ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲ နောက်ပိုင်း အမေရိကန် အစိုးရ အနေနဲ့ ကလည်း မြန်မာ နိုင်ငံ နဲ့ကြား စီးပွားရေး ဆက်ဆံ မှု မြှင့်တင် လိုတဲ့ ဆန္ဒ ရှိနေ ပါတယ်။

ဒါ့ကြောင့် မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားဆဲ စီးပွားရေး အရ အရေးယူမှု မူဝါဒ ပြင်ဆင် ပြောင်းလဲ ရေး အပေါ် အတည်ပြု ပေးဖို့ ကွန်ဂရက်စ် လွှတ်တော် ထံ အမေရိကန် နိုင်ငံ ခြားရေးဌာန က တောင်းဆို နေပြီး လာမယ့် သီတင်းပတ် ထဲ စတင် သက်ဝင် လာနိုင်တယ် လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ