ဗိုလ်ချုပ်မှုးကြီးဟောင်းက ဖွဲ့စည်းပုံပြင်ရေးမှာရော ကူညီမှာလား

  • 6 ဒီဇင်ဘာ 2015
_assk_kawhmu_campaign ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်မှုးကြီးဟောင်းဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုအချိန်မှာ တော့ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင် အနေနဲ ရှုမြင် လာ။

စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက သူ့လက်ထက်တုန်းက နိုင်ငံရေး အရ ရန်ဘက် အနေနဲ့ သဘောထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုအချိန်မှာ တော့ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင် အနေနဲ ရှုမြင် လာပြီး တတ် နိုင် သလောက် ပံ့ပိုး သွားမယ်လို့ ကတိပြု ခဲ့တယ် လို့ ဗိုလ်ချုပ်မှုးကြီးဟောင်း ရဲ့ မြေးဖြစ်သူ က ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ လျှို့ဝှက် တွေ့ ဆုံပွဲ အကြောင်းကို ကိုနေရွှေသွေးအောင်က အင်တာနက် လူမှုကွန်ရက် စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ဖွင့်ထုတ် လာတာ ဖြစ်ပါတယ်။

တတ် နိုင် သလောက် ပံ့ပိုး မယ် ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီး ဟောင်းရဲ့ ပြောဆိုမှု ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ခွင့် က နေ အတားအဆီး ဖြစ်နေစေတဲ့ အခြေခံ ဥပဒေ ပါ ကန့်သတ်ချက် ကို ပြင်ဆင် ပြောင်းလဲရေး မှာရော ကူညီမယ် ဆိုတဲ့ အဓိပ္ပာယ်လား ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

၂၀၁၁ ခုနှစ် အထိ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ဆောင်ရွက် သွားတဲ့ ဗိုလ်ချုပ်မှုးကြီး ဟာ အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်ပြီး အခုအချိန်အထိ ဩဇာ လွှမ်းမိုး နေနိုင် တုန်းပဲ လို့ မြန်မာပြည် ထဲမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ