လယ်သမားအရေး လှုပ်ရှားသူ မစုစုနွေး ဖမ်းခံရ

  • 6 ဒီဇင်ဘာ 2015
Image caption ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ ပြင်ဦးလွင် ရဲစခန်းက မစုစုနွေးကို ဖမ်းဆီးခဲ့

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်း မှာ တောင်သူလယ်သမားရေး လှုပ်ရှားသူ မစုစုနွေးကို ပြင်ဦးလွင် ရဲစခန်းက ဖမ်းဆီး ခဲ့ပါတယ်။

အရင် တစ်နှစ်ကျော်က ခွင့်ပြုချက် မရှိပဲ စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ ကြောင့် အခု လို အဖမ်းခံရတာ ဖြစ်တယ်လို့ ခင်ပွန်း ဖြစ်သူ ကိုမာကီ က ဘီဘီစီကို ပြောပါတယ်။

ပုဒ်မ ၁၈ ဟာ အာမခံ ယူလို့ ရသော်လည်း မစုစုနွေးက အာမခံ မယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ခင်ပွန်းသည် ဖြစ်သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်က မစုစုနွေးဟာ ပြင်ဦးလွင် မြို့ပေါ်မှာ လယ်ယာမြေ ပြန်လည် ရရှိရေး အတွက် မြို့ခံ တောင်သူ တွေနဲ့ အတူ စီတန်း လှည့်လည် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ