UNFC နှစ်ပတ်လည် အစည်းအဝေး စတင်

  • 7 ဒီဇင်ဘာ 2015
Image caption ဘယ်အစိုးရပဲ တက်တက် ပြည်တွင်းစစ် ပြဿနာကို ဖြေရှင်းမှ ရမယ်.....

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ နှစ်ပတ်လည် အစည်း အဝေး ကို ထိုင်း နိုင်ငံ ချင်းမိုင် မြို့မှာ ပြုလုပ် ခဲ့ ပါတယ်။

တနင်္လာနေ့ မှာ စတင် ခဲ့တဲ့ unfc ရဲ့ ဒီ နှစ်ပတ်လည် အစည်း အဝေးဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး ပထမဆုံး ပြန်စတဲ့ ဆွေးနွေးပွဲ ဖြစ်တော့ တိုင်းရင်းသား တွေ အတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲ လည်း ဖြစ်ပါတယ်။

UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ နဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ကိုပါ ဆွေးနွေး နေကြတာ လို့ပြောပါတယ်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် NCA နဲ့ ပတ်သက်ပြီး အခု လွှတ်တော်မှာ ဆွေးနွေး နေကြတာနဲ့ ပတ်သက်ပြီးလည်း၊ နိုင်ဟံသာက ဒီ စာချုပ်မှာ အဖွဲ့ အားလုံး မပါ နိုင်ရင် သေးတောင် အဲဒီ မပါသေးတဲ့ အဖွဲ့တွေ အပေါ် ထိုးစစ် ဆင်တာတွေ မလုပ်ဖို့ တောင်းဆို တယ်လို့ ပြောပါတယ်။

အခု တက်လာ တော့မယ့် အန်အဲလ်ဒီ အစိုးရသစ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းတဲ့ အခါ ပိုပြီး လွယ်ကူ လာလိမ့်မယ် လို့ မျှော်လင့် ကြောင်းကို လည်း နိုင်ဟံသာက ပြောပါတယ်။

အကြောင်း ကတော့ အန်အဲလ်ဒီဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ် အစိုးရပဲ တက်တက် တိုင်းပြည်ရဲ့ ပြည်တွင်းစစ် ပြဿနာကို မဖြေရှင်းရင် ဘာမှ လုပ်လို့ ရမှာ မဟုတ်ကြောင်း သူက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ