တရားရုံးတွေမှာ လာဘ်စားမှု အစီရင်ခံစာ လွှတ်တော်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption တရား သူကြီးတွေကို နယ်မြေ ပြောင်းရွှေ့ တာက လွဲပြီး တခြား အရေးယူ အပြစ် ပေးတာ မျိုး အားနည်း

တရားသူကြီးတွေ နဲ့ တရားရုံးတွေ အတွင်း လာဘ် စား မှုတွေ နဲ့ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကော်မတီ တရပ်ကနေ သူတို့ရဲ့ လေ့လာ တွေ့ရှိ ချက်တွေကို အခြေ ခံပြီး အစီရင်ခံစာ တစောင် လွှတ်တော်ကို တင်ပြလိုက် ပါတယ်။

တရားသူကြီးတွေ ကနေ တရားရေး ဝန်ထမ်းတွေ အပါအဝင်၊ အောက်ခြေ တရား ရုံး ဝန်ထမ်းတွေ အထိ လာဘ် စားမှုမှာ ပါဝင် ပတ်သက် နေတယ်လို့ အစီရင် ခံစာမှာ ဖေါ်ပြထား ပါတယ်။

အဲဒီလို တွေ့ရှိချက် တွေဟာ အများ ပြည်သူ တွေရဲ့ တိုင်းကြား ချက်တွေကို အခြေခံပြီး တင်ပြ တာလို့ ဆိုပါတယ်။

အစီရင် ခံစာကို တင်ပြ ခဲ့တဲ့ အုတ်ဖို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး ကတော့ အခုလို လာဘ် စားမှုတွေကို အစိုးရနဲ့ တရား စီရင်ရေး အာဏာပိုင် တွေက အဓိက ဖြေရှင်း ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဥပဒေပြုရေး အပိုင်းဖြစ်တဲ့ လွှတ်တော် ကတော့ ရှိနေတဲ့ အခြေ အနေ တွေကို ထောက်ပြ တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အရေးယူမှု အပိုင်း မှာတော့ အပြစ် ရှိတဲ့ တရား သူကြီးတွေကို နယ်မြေ ပြောင်းရွှေ့ တာက လွဲပြီး တခြား အရေးယူ အပြစ် ပေးတာ မျိုး အားနည်း တယ်လို့ လည်း ဦးတင်ထွေးက ပြောပါတယ်။