ဘီဘီစီသတင်းတွေကို Viber မှာ ဖတ်ရှုနိုင်ပြီ

  • 9 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် BBC Burmese

Viber အသုံးပြုသူများအတွက် ဘီဘီစီ၏ နိုင်ငံတကာနှင့် ပြည်တွင်း သတင်းများကို Viber App မှာ မြန်မာစာနှင့် ဖတ်ရှု နိုင်ပြီ ဖြစ်ပါသည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ တင်ဆက်သည့် သတင်းများ၊ ဓာတ်ပုံများ၊ အသံဖိုင်များနှင့် ဗီဒီယိုများကို BBC Burmese Viber Public Chat မှ တဆင့် နေ့စဉ် ဖတ်ရှု နိုင်ပါပြီ။

မြန်မာနိုင်ငံရှိ လူဦးရေ ၄၈.၇သန်း အနက် မိုဘိုင်းဖုန်း အသုံးပြုသူ ၂၉ သန်း ရှိပါသည်။ မြန်မာနိုင်ငံတွင် ကြေးနန်း ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးဆောင်နေသော နိုင်ငံတကာ ကုမ္ပဏီများ၏ လေ့လာ တွေ့ရှိချက်များ အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စမတ်ဖုန်း အများဆုံး အသုံးပြုသည့် နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ပါသည်။

“ဘီဘီစီ မြန်မာပိုင်းက သတင်းတွေကို မိုဘိုင်းဖုန်းကနေ အသံနဲ့ နားထောင် နိုင်ပေမယ့် အခု ပထမဆုံး အကြိမ် ဘီဘီစီ သတင်းတွေကို Chat App ကနေ ဖတ်ရှု နားဆင်နိုင်မှာပါ။ အခုဆိုရင် မြန်မာနိုင်ငံတွင်းက Viber အသုံးပြုနေကြသူ ၁၄.၈သန်း ရှိတယ်လို့ သိရတဲ့အတွက် ဘီဘီစီရဲ့ ပရိသတ်တွေနဲ့ သူတို့ကို ချိတ်ဆက် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် တိုးပွား များပြားလာမယ့် Chat App ပရိသတ်တွေ အနေနဲ့ လည်း ဘီဘီစီ သတင်းတွေကို မြန်မာလို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်” ဟု ဘီဘီစီမြန်မာပိုင်း အစီအစဉ်၏ ဌာနမှူး ဒေါ်တင်ထားဆွေက ပြောပါသည်။

---------------------------------------------------------

Viber App မှ BBC Burmese Public Chat ရယူရန်

App Store မှ Viber App ကို စမတ်ဖုန်းပေါ် ဒေါင်းလုပ် လုပ်ပါ၊ Viber က မိမိ၏ တယ်လီဖုန်း နံပါတ်ကို တောင်းလျှင် တယ်လီဖုန်း နံပါတ် ပေးပြီး မှတ်ပုံတင် ရပါမည်။

Viber စာမျက်နှာပေါ်မှာ Public ဆိုသော သင်္ကေတ အမှတ်အသားကို နှိပ်ပါ၊ Viber Public Chats စာမျက်နှာ ပေါ်လာမည်။

မှန်ဘီးလူး သင်္ကေတကို နှိပ်ပြီး BBC Burmese လို့ စာရိုက်ပြီး ရှာပါ။ “Follow” နှိပ်ပါ။ Public သင်္ကေတကို နှိပ်လိုက်တိုင်း Chat စာမျက်နှာ ပေါ်လာမှာ ဖြစ်ပါသည်။

---------------------------------------------------------

ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ရေဒီယိုကို နားဆင် အားပေးသည့် ပင်တိုင် ပရိသတ်မှာ ၂၀၁၅ စစ်တမ်းအရ အပတ်စဉ် ၆.၉ သန်း ရှိပါသည်။

ဘီဘီစီ မြန်မာပိုင်း ဖေ့စ်ဘွတ် BBC Burmese Facebook စာမျက်နှာကို Like လုပ်ပြီး ကြည့်ရှုကြသည့် ပရိသတ်မှာ ၂၀၁၅ ဒီဇင်ဘာလတွင် ၃.ရ သန်း ရှိပါသည်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို လှိုင်းတို ရေဒီယိုကသာ မကဘဲ Asiasat5 ဂြိုဟ်တု ချယ်နယ် မှတဆင့် ဖမ်းယူ နားဆင်နိုင်သည့်အပြင် bbcburmese.com ဝက်ဘ်ဆိုက် မှာလည်း နားဆင် နိုင်ကြပါသည်။

ဘီဘီစီ မြန်မာပိုင်း၏ ရေဒီယို အစီအစဉ် အချို့ကို မြန်မာ တစ်နိုင်ငံလုံးတွင် ထုတ်လွှင့်သည့် FM ရေဒီယို အချို့တွင်လည်း ထုတ်လွှင့်လျက် ရှိပါသည်။

ဘီဘီစီ မြန်မာတီဗီ အစီအစဉ်ကိုလည်း ပြည်တွင်းရှိ Myanmar National Television (MNTV) ရုပ်မြင်သံကြား လိုင်းတွင် တနင်္လာမှ သောကြာနေ့အထိ ညစဉ် ၈:၄၅ နာရီ (ဂရင်းနစ် စံတော်ချိန် ၁၄:၁၅) အချိန်၌ တိုက်ရိုက် ထုတ်လွှင့်လျက် ရှိပါသည်။

ဘီဘီစီ မြန်မာပိုင်းသည် ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်၏ ဌာနခွဲတစ်ခု ဖြစ်ပြီး ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်၏ နီပေါဌာနခွဲသည်လည်း Viber App ပေါ်တွင် Public Chat တစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်၏ အခြား ဘာသာစကား အစီအစဉ်များကိုလည်း LINE, We Chat နှင့် Telegram ကဲ့သို့သော သတင်းမက်ဆေ့ချ် ပေးပို့နိုင်သည့် App များတွင် ရယူနိုင်ကြပါသည်။

---------------------------------------------------------

Notes to editors:

*Source: Viber (August 2015)

BBC World Service delivers news content around the world in English and 28 other language services, on radio, TV and digital, reaching a weekly audience of 210 million. As part of BBC World Service, BBC Learning English teaches English to global audiences. For more information, visit bbc.com/worldservice. The BBC attracts a weekly global news audience of 283 million people to its international news services including BBC World Service, BBC World News television channel and bbc.com/news.

Lala Najafova Senior Publicist BBC World Service Group Communications

Brock House, 19 Langham St, London, W1W 6BP, UK

+44(0)7912 583836 lala.najafova@bbc.co.uk @lala36a