Global Teacher Prize အတွက် ဆရာတော် ဦးနာယက ရွေးချယ်ခံရ

  • 9 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption မန္တလေးမြို့က ဖောင်တော်ဦး ကျောင်း ဆရာတော် ဦးနာယက လည်း အရွေးချယ်ခံ ခဲ့ရ

၂၀၁၆ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းက စာပေး သင်ကြား ပေးနေတဲ့ ဆရာတွေကို ရွေးချယ်ပြီး ဆုပေး တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆရာဆု(Global Teacher Prize) ဆန်ကာတင် အယောက် ၅၀ စာရင်း ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဒီဇင်ဘာ လ ၉ ရက်က ထုတ် ပြန်ခဲ့တဲ့ အဆိုပါ စာရင်းမှာ မန္တလေးမြို့က ဖောင်တော်ဦး ကျောင်း ဆရာတော် ဦးနာယက လည်း အရွေးချယ်ခံ ခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၄၈ နိုင်ငံ ကနေ ပေးပို့လာ တဲ့ ထောင်နဲ့ ချီတဲ့ အမည်စာရင်း တွေ အထဲ ကမှ စိစစ် ရွေးချယ်ထားခြင်း ဖြစ်တယ်လို့ ဆုရွေးချယ် ချီးမြှင့်ရေး အဖွဲ့ Varkey Foundation ကထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဆန်ကာတင် ၅၀ စာရင်းတွင်ရွေးချယ်ခံရသူများမှာ နိုင်ငံပေါင်း ၂၉နိုင်ငံမှဖြစ်ပြီး လာမည့် ၂၀၁၆ခုနှစ် မတ်လတွင် ဒူဘိုင်း မှာ ဆုရရှိသူကို ကြေညာမှာ ဖြစ်ပါတယ်။

ဆရာတော် ဦးနာယက ဟာ မန္တလေးမြို့ဖောင်တော်ဦး ဘုန်းကြီး ကျောင်းမှာ ဘုန်းတော်ကြီး သင် ပညာရေး ကျောင်း တည်ထောင်ကာ ဆရာ/ ဆရာမ တွေကို သင်တန်းတွေ ဖွင့်လှစ် သင်ကြား နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ