ဒေါ်စုနဲ့ ဦးသန်းရွှေ တွေ့တာ အစိုးရနဲ့ မဆိုင်

  • 10 ဒီဇင်ဘာ 2015
dassk_thanshwe ဓာတ်ပုံ မူပိုင် a
Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးသန်းရွှေ တွေ့ဆုံ

ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေတို့ တွေ့တာ အစိုးရအဖွဲ့နဲ့ မဆိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြော ပါတယ်။

တာဝန် လွှဲပြောင်းဖို့ ကိစ္စ မှာ ဝင်ပြောစရာ အကြောင်း မရှိဘူး လို့ လည်း ပြန်ကြားရေး ဝန်ကြီး က ကြာသပတေးနေ့မှာ ရန်ကုန် မှာ ပြုလုပ်တဲ့ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ မှာ သတင်းထောက် တွေကို ပြောပြ ခဲ့ပါတယ်။

ဒီအစည်းအဝေး မှာပဲ ခေါင်းဆောင် သုံးဦး လက်မှတ်နဲ့ ပတ်သက် လို့ သမ္မတက ဖိုးလပြည့်ခေါ် ကို နေရွှေသွေးအောင် ရဲ့ ငါးထောင်တန် ငွေစက္ကူ ပေါ်မှာ လက်မှတ် မထိုးဘူး လို့ ပြော ကြောင်း၊ ဒီကိစ္စ တရားဝင် ထုတ်ပြန် မပြန် စဉ်းစားနေကြောင်း ဦးရဲထွဋ်က ရှင်းပါတယ်။

အခုလို တွေ့ဆုံမှု တွေ ကို အစိုးရက စီစဉ် ပေးတာ မဟုတ်ဘဲ ဒါကြောင့် အစိုးရ အသစ် လွှဲပြောင်းမှု အပေါ် မှာ သက်ရောက် မှာ မဟုတ်ဘူး လို့လည်း ဝန်ကြီး ဦးရဲထွဋ် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ