ဗိုလ်သခင်ဆရာ သခင်တင်ဦးကွယ်လွန်

  • 11 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် U Su Tin
Image caption ဗိုလ်သခင်ဆရာ ကွက်စိပ် စာအုပ် မျက်နှာဖုံး

ဝါရင့် နိုင်ငံရေးသမား နဲ့ စာရေးဆရာ ဗိုလ်သခင်ဆရာ ခေါ် သခင်တင်ဦး ဟာ အသက် ၉၄ နှစ်အရွယ် မှာ ရန်ကုန် ဝိတိုရိယ ဆေးရုံကြီး မှာ လူကြီး ရောဂါ နဲ့ ကြာသပတေးနေ့ က ကွယ်လွန် သွားပါတယ်။

သခင်တင်ဦး ဟာ တောင်တွင်းကြီးမြို့နယ် မိချောင်းရဲ ရွာ မှာ မွေးဖွားပြီး ငယ်ရွယ်စဉ် က တောင်တွင်းကြီး နတ်မှီတောရ မှာ ပညာ သင်ကြားခဲ့ပါတယ်။

၁ဝ တန်း အောင်မြင်ပြီးတဲ့နောက် အမျိုးသား ကျောင်းမှာ ကျောင်းဆရာ အဖြစ် လုပ်ကိုင် ခဲ့ပါတယ်။

တချိန်တည်း မှာပဲ တို့ဗမာ အစည်းအရုံး ရဲ့ သခင်ပေါက်စ ဖြစ်လာခဲ့ပြီး နောင် နိုင်ငံရေး နယ်ပယ်မှာ သခင်တင်ဦး အဖြစ် ခံယူ လုပ်ကိုင်ခဲ့ပါတယ်။

သခင်တင်ဦး ဟာ ကလောင်နာမည် ဗိုလ်သခင်ဆရာ အနေနဲ့ နိုင်ငံရေး စာပေများ ကွက်စိပ် သရော်စာ ပြဇာတ်များ ရေးသားခဲ့သလို အိန္ဒိယ နိုင်ငံ ဘုံဘေ မြို့မှာလည်း ရုပ်ရှင် လောကမှာ လုပ်ကိုင် ခဲ့ပါတယ်။

သူဟာ ရိုးသား ဖြောင့်မတ်သူ တဦးဖြစ်ပြီး အခုလို ကွယ်လွန်သွားခဲ့တာ အတွက် စိတ်မကောင်း ဖြစ်ရတယ် လို့ သခင်ချန်ထွန်း က ပြောပါတယ်။

သခင်တင်ဦးရဲ့ ဆန္ဒအရ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်း ကို တပ်မတော် ဆေးတက္ကသိုလ် ကို လှူဒါန်းခဲ့ပါတယ်။