ကျူးလွန် ခံရသမျှ အသိအမှတ်ပြုဖို့ လိုတယ်

  • 12 ဒီဇင်ဘာ 2015
_ictj_
Image caption အတိတ်အကြောင်း ပြန်ပြော တဲ့အခါမှာ အနာဟောင်းတွေ ပြန်ဆွပြီး အာဃာတတွေ ကြီးထွားစေလိုတဲ့ သဘော ဦးတည်တာမျိုး ကို ဆိုလိုတာ မဟုတ်။

မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ ဖိနှိပ်မှု ဒဏ်တွေ ခံခဲ့ရတဲ့ လူတွေ လူ့အဖွဲ့အစည်းတွေ ရဲ့ စိတ်အနာတရ တွေကို အသိအမှတ်ပြု ကုစားပေးမှသာ အတိတ် ဖိစီးမှုတွေက ရုန်းထွက်နိုင်ကြမယ် ဆိုပြီး ICTJ အသွင်ကူးပြောင်းမှု တရားမျှတရေး နိုင်ငံတကာ ဗဟိုဌာနက စာတမ်းတစောင် ထုတ်ပြန်လိုက်ပါတယ်။

အတိတ်က ဖြစ်ရပ်တွေကို မေ့ပစ်တာမျိုး ဒါမှမဟုတ် လက်စားချေ တုံ့ပြန်တာမျိုး ဆိုတာ တွေထက် ပိုတဲ့ နည်းလမ်းတွေ ရှိတယ် ဆိုပြီး ICTJ အဖွဲ့ရဲ့ ခေါင်းဆောင် သုတေသီ Aileen Thomson က ပြောပါတယ်။

ပထမဆုံး အနေနဲ့ လက်ရှိ အစိုးရ ဒါမှမဟုတ် လာတော့မယ့် အစိုးရက အရင်က ဖြစ်ခဲ့တဲ့ ချိုးဖောက်မှု တွေ အတွက် တောင်းပန်တာ၊ အသိအမှတ်ပြု လက်ခံတာတွေ လုပ်ဖို့ လိုအပ်ပြီး၊ ကျူးလွန်ခံရသူတွေ အတွက် ဆုံးရှုံးခဲ့တာတွေ ကုစားနိုင်ဖို့ နစ်နာကြေးတွေ ပေးတာမျိုး၊ လူမျိုး ဘာသာ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွင်း ပြန်လည် ညီညွတ် ပြေလည်မှုတွေ ရဖို့ သူတို့ ကြုံခဲ့တာတွေ ပြန်ပြောခွင့် ပေးတာမျိုးတွေ လုပ်ဆောင် ရမယ် လို့လည်း မစ္စ သွန်မဆင် က ဆိုပါတယ်။

ဒါပေမယ့် အတိတ်အကြောင်း ပြန်ပြော တဲ့အခါမှာ အနာဟောင်းတွေ ပြန်ဆွပြီး အာဃာတတွေ ကြီးထွားစေလိုတဲ့ သဘော ဦးတည်တာမျိုး ကို ဆိုလိုတာ မဟုတ်ဘူး လို့ မစ္စ သွန်မဆင် က ဘီဘီစီ ကို ပြောပါတယ်။

နောက်တက်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် အနေနဲ့ နိုင်ငံတော် တာဝန်ယူပြီး အရင်ပြစ်မှုဟောင်းတွေကို တရားဝင် တောင်းပန်တာ ၊ လူထုကို ကာကွယ် စောင့်ရှောက်သွားဖို့ ကတိပြုတာ တွေ လုပ်ဖို့ လိုအပ်တယ် လို့ လည်း မစ္စ သွန်မဆင် က တိုက်တွန်း ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ