အရပ်သား အုပ်ချုပ်ရေး အစစ်ဖြစ်ဖို့ စိန်ခေါ်မှုတွေ များစွာရှိနေ

  • 12 ဒီဇင်ဘာ 2015
_theinsein_europe_president_office ဓာတ်ပုံ မူပိုင် president office
Image caption မြန်မာ နိုင်ငံက အင်ဒိုနီးရှား ထက် ပိုပြီး အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့် စစ်အရာရှိ ဟောင်းတွေ ရောက်ရှိ နေကြတယ်။

စစ် အစိုးရ အဆက်ဆက် လက်ထက် အစိုးရ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်မှာ စစ်အရာရှိတွေကို အရပ်ဖက် ပြောင်းပြီး ခန့်ထား ခဲ့တဲ့ အတွက် နောက် တက်လာမယ့် အစိုးရ သစ် အတွက် ကိုင်တွယ်ရ ခက်နိုင်တယ် ဆိုတဲ့ ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ် လာနေ ပါတယ်။

ဝန်ကြီး အဆင့် နေရာ မျိုးတွေ မှာ သာမက ပဲ အရေးပါတဲ့ အစိုးရ အရာရှိ နေရာတွေ အတော် များများ မှာ စစ်ဖက်က ပြောင်းလာသူတွေ ကို ခန့်ထား ခဲ့တာ ဖြစ်တယ် လို့ သုတေသီ တစ်ဦး ဖြစ်တဲ့ လောကအလင်း လူမှု ဖွံ့ဖြိုးရေး ကွန်ယက်က အမှုဆောင် ဒါရိုက်တာ ဦး ထွန်းလင်းဦး က ဆိုပါတယ်။

မြန်မာ နိုင်ငံလိုပဲ စစ်ဗိုလ်ချုပ်တွေ ကြီးစိုးတဲ့ ခေတ်ကနေ ကူးပြောင်းခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ အသွင် ကူးပြောင်းရေး ကို သွားရောက် လေ့လာခဲ့သူ ဖြစ်တဲ့ ဦး ထွန်းလင်းဦး ရဲ့ အဆိုအရ မြန်မာ နိုင်ငံက အင်ဒိုနီးရှား ထက် ပိုပြီး အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့် စစ်အရာရှိ ဟောင်းတွေ ရောက်ရှိ နေကြတယ် လို့ ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ဆိုရင် ဝန်ကြီး အဆင့် လောက်ထိပဲ စစ်အရာရှိ ဟောင်းတွေ က နေရာယူ ခဲ့ကြတာ ကို တွေ့ရပြီး မြန်မာ နိုင်ငံ မှာတော့ ဌာန ဦးစီးမှုးတွေ နေရာ အထိ စစ်ဗိုလ် ဟောင်း တွေ ကို ခန့်အပ် ထားတာ ဖြစ်တယ် လို့ ဦး ထွန်းလင်းဦး က နှိုင်းယှဉ် သုံးသပ် ပါတယ်။

ဒါ့အပြင် လက်တွေ့ စီမံ ခန့်ခွဲ အုပ်ချုပ် နေရတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဟာ ပြည်ထဲ ရေး ဝန်ကြီး လက်အောင်မှာ ရှိပြီး လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထဲ ရေး ဝန်ကြီး နေရာကို စစ်တပ် အကြီးအကဲ က တိုက်ရိုက် ခန့်အပ် ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်တပ်က ခန့်ထားတဲ့ ပြည်ထဲရေး ဌာန နဲ့ ထွေအုပ် မှာ ရှိတဲ့ စစ် အရာရှိ ဟောင်းတွေ အပေါ် အရပ်သား အစိုးရ က ဩဇာညောင်း နိုင်ဖို့ ခက်တယ် လို့ ဦး ထွန်းလင်းဦး က သုံးသပ် ပါတယ်။

အထွေထွေ အုပ်ချုပ်ရေး ဌာန ရဲ့ မြို့နယ် နဲ့ တိုင်း အဆင့် ရာထူး နေရာ တွေ မှာ ပြည်သူ ကနေ ရွေးချယ် တင်မြှောက် သူတွေ ကို သာ ခန့်အပ် နိုင် ဖို့ အတွက် အရပ်သား အစိုးရ သစ် အနေနဲ့ ဥပဒေ ကြောင်း ဆိုင်ရာ ပြင်ဆင် ပြောင်းလဲဖို့ လုပ်ဆောင် နိုင်ဖို့ လိုတယ် ဆိုပြီး တော့လည်း ဒါရိုက်တာ ဦး ထွန်းလင်းဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ