NLD က ကိုယ်စားလှယ်တွေ အမှိုက်ကောက်ခဲ့

  • 12 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် NLD LMD
Image caption အနုပညာရှင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်း တွေလဲ ပူးပေါင်း ပါဝင်ခဲ့

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီ က ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး နိုင်ငံတဝှန်း က မြို့ အတော်များများ မှာ အမှိုက်ကောက် လှုပ်ရှားမှုတွေ ကို စတင် ခဲ့ကြပါတယ်။

ကိုယ်စားလှယ် တွေဟာ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို မော်ကြွားဖို့ မဟုတ်ဘဲ ပြည်သူ တွေကို အလုပ်အကြွေးပြုဖို့ အမှိုက်ကောက်တာလို့ ပါတီဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။

ကျောက်တံတား၊ စမ်းချောင်း၊ ဗဟန်း၊ ဗိုလ်တထောင် စတဲ့ မြို့နယ်တွေမှာ အမှိုက်ကောက် လှုပ်ရှား မှုတွေ လုပ်ခဲ့ကြပြီး အနုပညာရှင်တွေ အရပ်ဖက် အဖွဲ့အစည်းတွေ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ နဲ့ ဗိုလ်တထောင် မြို့နယ်မှာ ဆိုရင် တပ်မတော်ရေ က တပ်ဖွဲ့ဝင် အချို့ ကလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

စမ်းချောင်း မြို့နယ်က အမှိုက်ကောက် လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးဘိုဘိုဦးကတော့ ပါတီအနေနဲ့ ပတ်ဝန်းကျင် သာယာ လှပရေး စီမံချက် ရေးဆွဲနေပြီး အမှိုက်ကောက်လှုပ်ရှားမှု စတင်တာဖြစ်တယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့ ကော့မှူး မြို့နယ် မှာ အမှိုက်ကောက်လူပ်ရှားမှု ကို ပါတီဝင်တွေနဲ့ စတင်မှာ ဖြစ်ပါတယ်။

ပြည်သူတွေ အနေနဲ့ အမှိုက်ကောက် သန့်ရှင်းရေး ကနေ စလို့ အခြေခံကျတဲ့ စနစ်ကို နားလည် သိရှိပြီး ပိုမို ပါဝင်လာကြဖို့ ကို NLD ပါတီက မျှော်လင့်နေ ကြောင်း စမ်းချောင်း ပြည်သူ့ လွှတ်တော် အမတ် က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ