ရှမ်းပြည်က ဒုက္ခသည် စခန်းတွေကို ၈၈ က လှူဒါန်း

  • 13 ဒီဇင်ဘာ 2015
Image caption ရှမ်းဒုက္ခသည် စခန်းကို ၈၈ သွားရောက် လှူဒါန်း

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ဦးဆောင်ပြီး ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း(၂)ခုမှာ ကူညီမှုတွေ သွားပေး ခဲ့ပါတယ်။

(၃)ရက်တာ ကြာမြင်ခဲ့တဲ့ ကူညီမှုခရီးစဉ် ဟာ စစ်ပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပေါ်လာဖို့ ရည်ရွယ် တာဖြစ်တယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း က မမီးမီး က ဘီဘီစီကို ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် နဲ့ ဦးကိုကိုကြီး တို့ ဦးဆောင်ပြီး ရှမ်းပြည် မြောက်ပိုင်း က ဝမ်၀ နဲ့ ဟိုက်ပါ မှာ ရှိတဲ့ ဒုက္ခသည် စခန်း(၂)ခုက ကလေးတွေ အတွက် လက်ဆောင်တွေ၊ အဝတ်အထည် တွေနဲ့ အလှူငွေတွေ သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ (၄) ရက်နေ့က ရန်ကုန်မှာ လုပ်ခဲ့တဲ့ "ယုံကြည်ရာ အနာဂတ်" ငြိမ်းချမ်းရေး ပွဲကနေ ရတဲ့ လက်ဆောင် ပစ္စည်း တွေကို စစ်ဘေးရှောင်စခန်း က ကလေး တွေကို ပေးအပ် ခဲ့ပါတယ်။

၈၈ မျိုးဆက် အဖွဲ့က ဦးဆောင်တဲ့ ရှမ်းပြည် ဒုက္ခသည်စခန်း(၂)ခုမှာ ကူညီမှုတွေကို တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)၊ အခြေခံပညာ ကျောင်းသားသမဂ္ဂ (အကသ)နဲ့ အခြား ပရဟိတ အဖွဲ့အစည်း တွေကလည်း ပူးပေါင်း ပါဝင် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ