အမှိုက်ကောက် လှုပ်ရှားမှု စတင်

  • 13 ဒီဇင်ဘာ 2015
nld ဓာတ်ပုံ မူပိုင် AP
Image caption တနိုင်ငံလုံး အမှိုက်ကောက် လှုပ်ရှားမှု စတင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကော့မှူးမြို့နယ်မှာ အမှိုက်ကောက် လှုပ်ရှားမှု အစီအစဉ် ကို စတင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင် ရရှိခဲ့တဲ့ NLD ပါတီက ကိုယ်စားလှယ် တွေ ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်း အတာ အနေနဲ့ အမှိုက်ကောက် လှုပ်ရှားမှု ကို စတင် ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်း က ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ကိုယ်စားလှယ် တွေ အနေနဲ့ အမှိုက်ကောက် ကြဖို့ လမ်းညွှန် ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမှိုက်သိမ်း စနစ် နဲ့ အမှိုက်တွေကို စနစ်တကျ ရှင်းလင်း တဲ့ စနစ် တွေမှာ အားနည်းမှု တွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ