မြန်မာနိုင်ငံမှာ ဘိန်းစိုက်မှု မြင့်မားနေဆဲလို့ ကုလပြော

opium_ ဓာတ်ပုံ မူပိုင် unodc
Image caption ၂၀၁၅ ခုနှစ် အတွက် ကမ္ဘာ့ မူးယစ်ဆေးဝါး အခြေအနေ အစီရင်ခံစာကို UNODC ထုတ်ပြန်။

ကမ္ဘာ့ ဘိန်းစိုက်ပျိုးမှုဟာ ၁၉၃၀ ပြည့်ကျော် နှစ် တွေ နောက်ပိုင်း မနှစ်က ဆိုရင် အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့တယ် လို့ ကုလသမဂ္ဂ ရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာ အဖွဲ့ရုံး UNODC က ထုတ်ပြန် ပါတယ်။

၂၀၁၅ ခုနှစ် အတွက် ထုတ်ပြန်တဲ့ UNODC ရဲ့ ကမ္ဘာ့ မူးယစ်ဆေးဝါး အခြေအနေဆိုင်ရာ အစီအရင်ခံစာ ထဲမှာ အဲဒီလို ဖော်ပြ ထားတာပါ။

ဒါ့အပြင် မြန်မာ နိုင်ငံမှာ လည်း ဘိန်း စိုက်ပျိုးမှု မြင့်မား နေဆဲ အခြေအနေ မှာ ဆက်လက်ရှိ နေဆဲ ဖြစ်တယ် ဆိုတာကို သူတို့ စစ်တမ်းတွေ အရ တွေ့ရှိထားတဲ့ အကြောင်း လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန် မှာ ရှိတဲ့ UNDOC က တရားဝင် ထုတ်ပြန် ဖို့ ရှိနေပါတယ်။

UNODC အပါအဝင် အမေရိကန် မူးယစ် ဌာန DEA နဲ့ တရုတ် ဂြိုလ်တု တွေ ရဲ့ ဓာတ်ပုံ တွေ ကနေ တဆင့် တွေ့ရတဲ့ ဘိန်းစိုက်ခင်း မြေ ဧရိယာတွေ အပေါ် မူတည်ပြီး ဘယ်လောက် ထွက်ရှိ နိုင်မလဲ ဆိုတာ ကို ခန့်မှန်း တွက်ချက် တာတွေ ဟာ လက်တွေ့ နဲ့ ကွဲလွဲချက် တွေ ရှိနိုင်တယ် ဆိုပြီး သမ္မတ ဥပဒေ အကြံပေး အဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ် မူးယစ် နှိမ်နင်းရေး ရဲ တပ်ဖွဲ့ က အငြိမ်းစား ရဲမှူးကြီး လည်းဖြစ်တဲ့ ဦးစစ်အေး က ဘီဘီစီ ကို ပြောပါတယ်။

လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ နဲ့ ဒေသခံ ပြည်သူတွေ ရဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ဖျက်စီး နိုင်ခဲ့တဲ့ ဘိန်းပင် တွေ ရှိတယ်လို့ ဦးစစ်အေးက ဆိုပါတယ်။

UNODC ရဲ့ တွေ့ရှိချက် ထဲမှာတော့ အရင်က ဘိန်းစိုက်ပျိုး တာ တွေ့ရလေ့ မရှိတဲ့ ချင်းပြည်နယ် ထဲမှာပါ နောက်ပိုင်း ဘိန်းစိုက် ဧရိယာ မြေ ဟက်တာ ထောင်ချီ တွေ့လာ ရတယ် လို့ ပြောပါတယ်။

အခုလို ဘိန်းစိုက်ပျိုးမှု ပြဿနာ အပြင် ရဲမှုးကြီးဟောင်း ဦးစစ်အေးရဲ့ အဆိုအရ မြန်မာ နိုင်ငံရဲ့ နယ်စပ် တွေ မှာ စိတ်ကြွဆေးပြား ထုတ်လုပ် တဲ့ ပြဿနာ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ