TNLA နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဆက်

  • 14 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption TNLA တပ်ရင်း (၄၃၄) နဲ့ အစိုးရ တပ်က (၇၇) တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့.....

PSLF/TNLA တအာင်း ပလောင် တပ်ဖွဲ့တွေ နဲ့ အစိုးရ တပ်တွေ အကြား တနင်္လာ နေ့မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွား ခဲ့ပါတယ်။

TNLA တပ်ရင်း (၄၃၄) နဲ့ အစိုးရ တပ်က (၇၇) တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြတာ လို့ TNLA ဘက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ညနေပိုင်း မှာတော့ အစိုးရတပ် ဘက်ကနေ ရဟတ်ယာဉ် ၂ စီးနဲ့ TNLA ဘက်ကို ၁ နာရီ ကျော်ကြာ သွားရောက် ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ ကြေညာ ချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

တိုက်ပွဲတွေ အတွင်း TNLA ဘက်က ထိခိုက် ကျဆုံးမှု မရှိဘဲ၊ အစိုးရ တပ်ဖက် က အခြေ အနေ ကိုတော့ မသိရ ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်ရတာဟာ TNLA ဘက်က တပ် လှုပ်ရှား မှုတွေ ရှိခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။

အခုလို လှုပ်ရှား နေရတာ ဟာ လူထုနဲ့ တွေ့ဆုံဖို့၊ မူးယစ် ဆေးဝါး တိုက်ဖျက်ဖို့ စတာတွေ အတွက် ဖြစ်တယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ မိုက်အိုက်ကျော် က ပြောပါတယ်။

နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးမှ တိုက်ပွဲတွေ နဲ့ ပတ်သက်ပြီး ပြေလည်မှု ရမှာ ဖြစ်တယ်လို့ မိုင်အိုက်ကျော်က ပြောပါတယ်။

တနိုင်ငံလုံး တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ် မထိုး နိုင်ခဲ့တဲ့ ကိစ္စဟာ အခု အစိုးရ လက်ထက်မှာ ဘာမှ ထပ်ပြီး တိုးတက်လာ ဖို့ မရှိဘူး လို့လည်း ပြောကြားသွား ပါ တယ်။