ဆိတ်တွေကို လွတ်လပ်စွာ ရောင်းချ သယ်ဆောင်ခွင့်ပြု

  • 17 ဒီဇင်ဘာ 2015
Image caption လွတ်လွပ်စွာ ဆိတ်ရောင်းဝယ်ရေး ပထမဆုံးခွင့်ပြု

ဒီဇင်ဘာလ ၁၇ ရက်နေ့က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနဟာ ဆိတ်အရှင်တွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုလိုက် ကြောင်း နိုင်ငံပိုင် သတင်းစာ တွေက တဆင့် ကြေညာ လိုက်ပါတယ်။

ကန့်သတ်ချက် အချို့ ရှိနေပေမယ့် အခုလို ခွင့်ပြုခဲ့တာ ဟာ ပထမဆုံးအကြိမ် ပြည်တွင်း ပြည်ပ လွတ်လပ်စွာ သယ်ဆောင် ရောင်းဝယ် ခွင့်ပြု လိုက်တာ ဖြစ် ပါတယ်။

ဆိတ်တွေကို သယ်ဆောင်ရာမှာ ကျန်းမာရေး ညီညွှတ်ကြောင်းနဲ့ မွေးမြူရေး သမားက သယ်ဆောင် ရောင်းချမှာ ဖြစ်ကြောင်း ကို သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် အစိုးရ အဖွဲ့ကို အသိပေး ရမှာ ဖြစ်တယ်လို့ မွေး/ရေ ဝန်ကြီးဌာန၊ စီမံကိန်း ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်နိုင် က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြားကို ရောင်းချဖို့ အတွက် ဆိုရင်တော့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှာ ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ရမှာ ဖြစ်တယ်လို့လည်း ဆက်လက် ပြောကြား ခဲ့ပါတယ်။

အခုလိုကန့်သတ်ချက်တွေရှိနေသေးတာကြောင့် တောနေ လူတန်းစား တွေက ကိုယ် မွေးထားတဲ့ ဆိတ်တွေကို ကိုယ်တိုင် ဈေးကွက်မှာ ရောင်းဖို့ ကတော့ အခက်အခဲ တွေ ရှိနေဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကနေပြီး ဆိတ်တွေ အများဆုံး တင်ပို့ခဲ့တဲ့ ထိုင်းနိုင်ငံ မှာဆိုရင် ဆေးစစ်ပြီး ကြောင်း နဲ့ အခွန်ဆောင် ထားပြီးတဲ့ အမှတ်အသား အဖြစ် ဆိတ်တွေမှာ နားကပ်တွေ တပ်ပေး လိုက်ပြီး အဆိုပါ နားကပ်ပါရင် ကြိုက်တဲ့ နေရာကို သယ်ယူ ရောင်းချ နိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ထိုင်းနိုင်ငံ နဲ့ အလားတူ လွယ်ကူမှု ရှိအောင် လုပ်ပေးဖို့ လိုသေးတယ် လို့ ဆိတ် မွေးမြူရေး သမားတွေ ရဲ့ ပြောကြားမှု တွေလည်း ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ