သမ္မတရဲ့ ဆင်းရဲသား ပပျောက်ရေး စီမံကိန်းက အိမ်တွေ ထောင်ချီပြီး အဖျက်ခံရ

  • 17 ဒီဇင်ဘာ 2015
_slum_myanmar_
Image caption သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲသား လျှော့ချရေး အစီအစဉ်နဲ့ ရောင်းချ ပေးခဲ့တာ ဖြစ်တယ် ဆိုပြီး ပြေစာ တွေ ထုတ် ပေးခဲ့။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ထဲက ရတနာအောင် ဆိုတဲ့ ကျေးရွာသစ်မှာ ရောင်းချထားတဲ့ မြေဧက ၆ ထောင်ကျော်ဟာ တရားမဝင် ဘူး ဆိုပြီး၊ အဲဒီ မြေတွေပေါ် ဆောက်ထားတဲ့ အိမ်တွေ ကို ကျူးကျော် တွေ အဖြစ် အာဏာပိုင်တွေက ဘူလ်ဒိုဇာတွေ နဲ့ ဒီဇင်ဘာ ၁၇ ရက် ကြာသာပတေးနေ့ မနက် အစောပိုင်း ကပဲ စတင် ဖျက်စီး ခဲ့ ပါတယ်။

လောလောဆယ် ပျက်စီး သွားတဲ့ အိမ်ခြေ ပေါင်း တစ်ထောင်ကျော် လောက် ရှိပြီး အဲဒီ့ မြေ နေရာတွေကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူ ထားတဲ့ ကရင် လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်တဲ့ KNU/ KNLA (PC)က နေ ရောင်းချ ထားတဲ့ မြေ တွေ ဖြစ်ပါတယ်။

ရောင်းချ ထားတဲ့မြေကွက် ပေါင်း တစ်သောင်း ကျော်ရှိတယ် ဆိုပြီး ကိုယ်တိုင် မြေကွက် ဝယ်ထားသူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

မြေကွက်တွေ ကို ကရင် အဖွဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် ရောင်းချ ခဲ့တုန်းက သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲသား လျှော့ချရေး အစီအစဉ်နဲ့ ရောင်းချ ပေးခဲ့တာ ဖြစ်တယ် ဆိုပြီး ပြေစာ တွေ ထုတ် ပေးခဲ့ ကာ နောက်ပိုင်း ဂရံ ရအောင် လုပ်ပေးမယ် လို့လည်း ကတိ ပေးပြောဆို ခဲ့တယ် လို့ မြေဝယ် ထားသူ ဦးကျော်နိုင် က ဆိုပါတယ်။

ဒါ့ကြောင့် အိမ် ဖျက် ခံရသူတွေ အနေနဲ့ သမ္မတ ဆီ စာတင်မယ် ဆိုပြီး ပြောနေကြ သလို၊ ရွေးကောက်ပွဲ နိုင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ လှည်းကူး ရုံး ကိုလည်း အကူအညီ တောင်းခံ မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ