အစိုးရသစ် ဝန်ထမ်း မူဝါဒ ဒေါ်စု ပြောကြား

  • 18 ဒီဇင်ဘာ 2015
nld ဓာတ်ပုံ မူပိုင် AFP
Image caption NLD ရွေးကောက်ပွဲမှာ အများစု ထောက်ခံမဲရ

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အစိုးရသစ် လက်ထက် မှာ ဝန်ထမ်းတွေကို ဖြုတ်ထုတ်သတ် လုပ်မှာ မဟုတ်ဘူး လို့ နေပြည်တော်က စည်ပင် ရိပ်သာမှာ ကြာသပတေး နေ့က ပြောကြား ပါတယ်။

ဝန်ကြီးဌာန တွေ ကျစ်လျစ်အောင် လုပ်မှာ ဖြစ်ပြီး ဝန်ထမ်း တွေကို လေ့ကျင့် သင်ကြား ပေးသွားမယ် လို့ လည်း ဆိုပါတယ်။

တချို့ ဝန်ထမ်း တွေကို မူလ နေရာမှာ ထားရှိပြီး အရည်အချင်း ရှိတဲ့ ဝန်ထမ်းတွေကို ပိုကောင်းတဲ့ နေရာတွေ ပို့သွားမယ် လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြင့်က ဆိုပါတယ်။

ဝန်ထမ်းတွေ လုပ်ရဲ ကိုင်ရဲ ဖြစ်လာအောင် တိုက်တွန်း သွားမှာ ဖြစ်ပြီး အစိုးရက သူတို့ အခွင့်အရေး တွေ ကာကွယ် ပေးသွားမယ် လို့လည်း ပြောပါတယ်။

ဝန်ထမ်းတွေကို ခွဲခြား ဆက်ဆံ သွားမှာ မဟုတ်ဘဲ တာဝန်ကျေပွန် အောင် ကြိုးစား ကြဖို့ ဒေါ်အောင်ဆန်း စုကြည် က နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ တည်းခိုတဲ့ စည်ပင် ဧည့်ရိပ်သာကို သွားရောက် စစ်ဆေးစဉ် မှာ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ