ဘာသာရေး ဖိနှိပ်သူတွေကို အရေးယူဖို့ ယူအက်စ် ပြင်

  • 20 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆရာတော် ဦးဝီရသူ ကို ပြန်လည် သုံးသပ်ဖို့ ကို လည်း ဖော်ပြ

မြန်မာ နိုင်ငံ က ဘာသာရေး လူမျိုးရေး ဖိနှိပ်မှု တွေ လုပ်တဲ့ လူပုဂ္ဂိုလ် နဲ့ အဖွဲ့ အစည်းတွေကို အထောက်အပံ့ ပေးမှု ကို တားမြစ်နိုင်ဖို့ အတွက် အမေရိကန် နိုင်ငံက စီစဉ် ဆောင်ရွက်နေပါတယ်။

အမေရိကန် ကွန်ဂရက်နဲ့ ဆီးနိတ် လွှတ်တော် ၂ ရပ်က အတည်ပြု ပေးခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွက် ဘဏ္ဍာရေး ဥပဒေ ထုတ်ပြန်ခဲ့တဲ့ အထဲမှာ ပါရှိတာ ဖြစ်ပါ တယ်။

အဆိုပါ ဥပဒေကို ပြန်လည် သုံးသပ် ကြည့်ရာမှာ မြန်မာနိုင်ငံက အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါရှိပြီး အရှေ့အလယ်ပိုင်း က ခရစ်ယန် တွေနဲ့ IS အဖွဲ့တွေကို အဓိက ဦးတည် တာ ဖြစ်တယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းက ကျောင်းအုပ် ဦးမြတ်သူက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် အစိုးရ အနေနဲ့ ဘာသာရေး လူမျိုးရေး ဖိနှိပ်မှု လုပ်တဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်မှုတွေ ပြုလုပ်မယ့် ဥပဒေ မျိုး ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

သမ္မတ အိုဘာမား လက်မှတ် ရေးထိုး ပြီးခဲ့ရင် အတည်ပြု ပြဌာန်း တော့မယ့် ဥပဒေမှာ မြန်မာနိုင်ငံက ဆရာတော် ဦးဝီရသူ ကို ပြန်လည် သုံးသပ်ဖို့ ကို လည်း ဖော်ပြ ပါရှိပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် အရေးပါတဲ့ အချက်တွေ ပြီးတော့ ရိုဟင်ဂျာ နဲ့ ပါတ်သက်လို့ အိုဘာမား အစိုးရ အဖွဲ့က အရေးယူ ဆောင်ရွက်ဖို့ ဖိအားပေး နိုင်တဲ့ အချက်တွေ ဟာ အမေရိကန် လွှတ်တော် ၂ ရပ်က အတည်ပြုခဲ့တဲ့ ဥပဒေ မှာ ပါရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ