ဘယ်မောင်း ကားတွေ တင်သွင်းခွင့်ပြု

  • 20 ဒီဇင်ဘာ 2015
car export ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာပြည်ကို ဂျပန်ကားတွေ အများဆုံး တင်သွင်း

ပြည်တွင်းကို ဘယ်မောင်း မော်ဒယ်သစ် ကားတွေ တင်သွင်းခွင့် နဲ့ ပတ်သက်လို့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က အတည်ပြု ထုတ်ပြန် လိုက် ပါတယ်။

အခု ထုတ်ပြန်တဲ့ ပေါ်လစီသစ်အရ ၂ဝ၁၆ ခုနှစ် က စပြီး ခရီးသည်တင်ယာဉ် ဘတ်စ်ကား တက္ကစီ ကုန်တင်ယာဉ် တွေကို ဘယ်ဘက်မှာ စတီယာရင်တိုင် ရှိတဲ့ ဘယ်မောင်းကားတွေကို တင်သွင်းခွင့် ရတော့မှာ ဖြစ်ပါတယ်။

အိမ်စီးကားတွေကို တော့ ၂ဝ၁၄ မော်ဒယ် နောက်ပိုင်းတွေကို ဘယ်မောင်းကား တင်သွင်း ရမှာ ဖြစ်ပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်း မော်ဒယ်တွေ ဆိုရင် ယာဉ်ဟောင်း ပြန်အပ်နှံပြီး စလစ်ကပ်ပီး ဘယ်မောင်း ညာမောင်း မခွဲဘဲ တင်းသွင်းခွင့်ရမှာပါ။

မြန်မာနိုင်ငံရဲ့ ကားမောင်းတဲ့ စနစ်ဟာ ညာဘက် ကို ကပ်မောင်းတဲ့ စနစ် ဖြစ်တဲ့အတွက် စတီယာရင်တိုင် ဟာ ဘယ်ဘက် မှာ ရှိမှသာ ပိုအဆင်ပြေ ချောမွေ့ လုံခြုံမှု ရှိပီး ယာဉ်အန္တရာယ် ဖြစ်ဖို့ လျော့နည်း စေတဲ့ အတွက် ဒီစနစ်ကို ၂ဝ၁၆ ခုနှစ်ကနေ စတင် ကျင့်သုံးဖို့ အချိန်ယူ လုပ်ဆောင် ခဲ့တာ ဖြစ်တယ် လို့ ကုန်းလမ်း ပို့ဆောင်ရေး ဌာန က အရာရှိတဦးက ရှင်းပြပါတယ်။

လောလောဆယ် မောင်းနှင်နေတဲ့ ညာမောင်း ကားတွေ ကတော့ ၂၀၁၆ မှာ ဒီအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

မော်ဒယ် ဟောင်း ကားဟောင်းတွေကို ပြန်ဝယ် တာမျိုး တွေ ရှိမှာ ဖြစ်ပြီး သွင်းမယ့် မော်ဒယ်သစ် ဘယ်မောင်းကား တွေက ဈေးကြီးမှာ ဖြစ်တဲ့ အတွက် ကားဈေးက ကြိုတက် လာနေတယ်လို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နဲ့ ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြည်တွင်းမှာ ဂျပန် နိုင်ငံထုတ် ညာဘက် စတီရင်ယာတိုင် ရှိတဲ့ ညာမောင်း တပတ်ရစ်ကား တွေကို ပြန်ဝယ်စီးတာ က အများဆုံး ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ