ဦးဝီရသူက အမေရိကန် ကန့်သတ်မှုအပေါ် တုံ့ပြန်

  • 20 ဒီဇင်ဘာ 2015
_wirathu_
Image caption ဆရာတော် အပါအဝင် အမျိုး ဘာသာ သာသနာ စောင့်ရှောင့်ရေး အဖွဲ့ ဟာ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှု နဲ့ အဓိကရုဏ်းတွေ မဖြစ်ပေါ်အောင် တားဆီး ပေးနေတဲ့ အဖွဲ့သာ ဖြစ်တယ် လို့လည်း ဦးဝီရသူ က တုံ့ပြန်။

မြန်မာ နိုင်ငံ မှာ ဘာသာရေး လူမျိုးရေး ဖိနှိပ်မှု တွေ လုပ်တဲ့ လူပုဂ္ဂိုလ် နဲ့ အဖွဲ့ အစည်းတွေ ကို အကူအညီ တွေ မပေးဖို့ ရာ အမေရိကန် က ဥပဒေ တစ်ရပ် ပြန်ဌာန်း နိုင်ရေး အတွက် ပြင်ဆင် နေတာမှာ မစိုးရိမ်တိုက်သစ် က အမျိုးသားရေး ဆရာတော် ဦးဝီရသူ ကို နာမည်နဲ့ တကွ ရည်ညွှန်း ခဲ့တဲ့အပေါ် ဆရာတော် က ပြန်လည် တုံ့ပြန် လိုက်ပါတယ်။

ဆရာတော် ဟာ အမေရိကန် အပါအဝင် ဘယ် နိုင်ငံခြား အထောက်အပံ့ကို မှ လက်ခံ နေတာ မဟုတ်တဲ့ အတွက် အမေရိကန် ရဲ့ အခုလို လုပ်ဆောင်နေမှု ဟာ ဘာ အဓိပ္ပာယ် မှ မရှိဘူး ဆိုပြီး ဦးဝီရသူ က ဘီဘီစီ ကို မိန့်ပါတယ်။

ဒါ့အပြင် ဆရာတော် အပါအဝင် အမျိုး ဘာသာ သာသနာ စောင့်ရှောင့်ရေး အဖွဲ့ ဟာ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှု နဲ့ အဓိကရုဏ်းတွေ မဖြစ်ပေါ်အောင် တားဆီး ပေးနေတဲ့ အဖွဲ့သာ ဖြစ်တယ် လို့လည်း ဦးဝီရသူ က တုံ့ပြန် ပြောပါတယ်။

အမေရိကန် လွှတ်တော် ၂ ရပ်က အတည်ပြု ပေးပြီး ဖြစ်တဲ့ ၂၀၁၆ ခုနှစ် အတွက် ဘဏ္ဍာရေး ဥပဒေ ထဲမှာတော့ မြန်မာ နိုင်ငံထဲက ဘာသာရေး လူမျိုးရေး ပေါ် အခြေခံတဲ့ ခွဲခြားမှု တွေ ပြုလုပ် နေသူတွေ ကို ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ တာတွေ မပြုလုပ် ဖို့ ကန့်သတ်ထားပြီး ဒီ ဥပဒေ အသက်ဝင် လာဖို့ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးဖို့ပဲ လိုပါတော့တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ