ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး အများဆုံးတိုင်

  • 22 ဒီဇင်ဘာ 2015
Burma Election ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရ

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မသမာမှုတွေကို တိုင်ကြားနိုင်တဲ့ နောက်ဆုံး သတ်မှတ်ရက် အခု ရက်ပိုင်းမှာ ပြည့်ပါတော့မယ်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုင်ကြားထားတဲ့ ကန့်ကွက်လွှာတွေကို နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၂ ရက်နေ့က ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ကြားနာ စစ်ဆေးခဲ့ပါတယ် ။

အခု ဒီဇင်ဘာ တတိယပတ် အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အရ တိုင်ကြားမှု ကန့်ကွက်လွှာပေါင်း ၁၇ မှု ရှိပြီး စစ်ဆေး နေတာကတော့ လေးမှု ရှိပြီလို့ ရွေးကောက်ပွဲ ခုံရုံးဌာန တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်ကြားတာက အများဆုံး ဖြစ်တယ်လို့ တိုင်ကြားထားသူတွေ ထဲက တစ်ယောက် ဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၂ က ဦးလှဆွေက ပြောပါတယ်။

ကြားနာ စစ်ဆေးမှုကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဆက်လက် ပြုလုပ်ဦးမှာ ဖြစ်ပြီး အခု လက်ခံရရှိထားတဲ့ ကန့်ကွက်လွှာ ၁၇ ခု အပြင် နောက်ထပ် ကန့်ကွက်လွှာတွေ ထပ်မံ ရောက်ရှိ လာနိုင်သေးတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ အရာရှိက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ