ငြိမ်းချမ်းရေး စင်တာကို ဒေါ်စု ဦးဆောင်မယ်

  • 23 ဒီဇင်ဘာ 2015
NLD MPC ဓာတ်ပုံ မူပိုင် NLD Chairperson
Image caption NLD ဗဟို ကော်မတီဝင် တွေနဲ့ MPC တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟို ကော်မတီဝင် တွေနဲ့ ဝန်ကြီး ဦးအောင်မင်း တို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ ရဲ့ ဗုဒ္ဓဟူး နေ့ ဒုတိယ အကြိမ် တွေ့ဆုံပွဲ မှာ MPC ဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ် ၊ MPC အကြောင်း နဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စ တွေ ကို တင်ပြခဲ့ပါတယ်။

အစိုးရသစ် လက်ထက် ကျရင် ငြိမ်းချမ်းရေး စင်တာ ကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဦးဆောင် သွားမယ် လို့လည်း NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

MPC ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ ကိုလည်း ဒေါ်အောင်ဆန်း စုကြည် က အသိအမှတ် ပြုတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ အပစ်ရပ်စဲရေး မယူရသေးတဲ့ အဖွဲ့တွေနဲ့ အမြန် ဆွေးနွေးပွဲတွေ စလိုပြီး MPC အခန်းကဏ္ဍ ကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံ အတွက် NLD ဘက်နဲ့ ညှိနှိုင်း သွားမယ် လို့ သိရပါတယ်။

မြန်မာ ငြိမ်းချမ်းရေး စင်တာ မှာ ပြင်ဆင် ဖွဲ့စည်းမှု တွေကို အစ ကတည်းက လုပ်ဖို့ ရည်ရွယ် ထားတယ် လို့ MPC က နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ တာဝန်ခံ ဦးအောင်နိုင်ဦး က ပြောပါတယ်။ လောလောဆယ် MPC ကို ဥရောပ သမဂ္ဂ ရဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ် နေတာ ဖြစ်ပြီး အစိုးရသစ် လက်ထက် ကျရင် အခုလက်ရှိ အလှူရှင်တွေက ဆက်လက် ထောက်ပံ့ ပေးကောင်း ပေးသွားနိုင်တယ် လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ