မြန်မာ ၂ ယောက် အတွက် ဆက်ဆန္ဒပြ

  • 26 ဒီဇင်ဘာ 2015
thai_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန် ထိုင်းသံရုံးမှာ ဆက်ဆန္ဒပြ

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု မှာ သေဒဏ် ပေးခံရတဲ့ မြန်မာ နိုင်ငံသား ၂ ယောက် အတွက် တတိယ မြောက်နေ့ ဆန္ဒပြပွဲ တွေ ဆက်ပြီး ဖြစ်ပွား ခဲ့ပါတယ်။

ဒီထဲမှာ ထိုင်းနယ်စပ်က တာချီလိတ်မြို့ မှာ ဆန္ဒပြသူတွေက ၂ နိုင်ငံ နယ်စပ် တံတားပေါ်ထိ တက်လာ လို့ ထိုင်းဘက်က နယ်စပ်ဂိတ်ကို ယာယီ ပိတ်ခဲ့တယ် လို့ တာချီလိတ် မြို့ခံ တွေက ပြောပါတယ် ။

ဒီကိစ္စနဲ့ ပတ်သက် ပြီး မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် အရ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်က ဘန်ကောက်က ဝန်ကြီးချုပ်ရုံးကို ဒီဇင်ဘာ ၂၅ ရက် နေ့က သွားရောက် ခဲ့ပါတယ်။

ဒီလို အမိန့်ချမှတ် ခဲ့မှု အတွက် အံ့သြ ဝမ်းနည်းမိကြောင်း၊ ထိုင်း တရားစီရင်ရေးကို ဝင် စွက်ဖက် တာ မဟုတ် ပေမယ့် မြန်မာ ပြည်သား ၂ ယောက် အတွက် ထိုင်း ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်နိုင်ခွင့် ထဲက ကူညီ ဆောင်ရွက် ပေးဖို့ မြန်မာ သမ္မတ က စာပို့ခဲ့ပါတယ်။

ထိုင်းတရားရုံး အဆင့်ဆင့် အတိုင်း ဆက်လက် ကြိုးပမ်း သွားမယ် လို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ် ။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်း တို့ ၂ ဦး ကို ထိုင်း တရားရုံးက ဗြိတိသျှ လူမျိုး ၂ ဦးကို သတ်ဖြတ် ခဲ့မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ သေဒဏ် အမိန့်ချမှတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ