မြန်မာ၂ ဦးအတွက် ကာကွယ်ရေးဦးစီးချုပ် တောင်းဆို

  • 27 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်နီးချင်း နိုင်ငံ က စစ်တပ် ခေါင်းဆောင်တွေ ဆီကို ပထမဆုံး စာရေး တောင်းဆို တာလည်း ဖြစ်

ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ထိုင်း နိုင်ငံ က စစ်ခေါင်းဆောင်တွေဆီ ကိုနှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပြီး ကော့တောင်ကျွန်း အမှုမှာ သေဒဏ်ချမှတ်ခံ ရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး ကိစ္စကို ပြန်လည် စိစစ်ပေး ဖို့တောင်းဆို လိုက်ပါတယ်။

မြန်မာ စစ်တပ် ရဲ့ အကြီးအကဲ ခေါင်းဆောင် တစ် ဦးအနေနဲ့ အရပ်သားတွေ အတွက် အိမ်နီးချင်း နိုင်ငံ က စစ်တပ် ခေါင်းဆောင်တွေ ဆီကို ပထမဆုံး စာရေး တောင်းဆို တာလည်း ဖြစ်ပါတယ်။

စစ်ရေး နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ထိုင်း နိုင်ငံ စစ်တပ် အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်က စာပေးပို့ တောင်းဆို ခဲ့တဲ့ အပေါ်မှာ နှစ်နိုင်ငံ ချစ်ကြည် ရေးကို ရှေးရှုပြီး အလေးအနက်ထား စဉ်းစား ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထိုင်းရဲ တပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ ထိုင်း ရဲချုပ် ပီယာဖန်း ပင်မောင်းက ထိုင်း နိုင်ငံမှာ အလားတူ အမှုမျိုး ၂၆ မှု ဖြစ်ပွားခဲ့ပေမယ့် ကော့တောင် ကျွန်း လူသတ်မှု နဲ့ ပါတ်သက်လို့ ဖြစ်ပေါ် နေတဲ့ ဆန္ဒပြပွဲ တွေဟာ နောက်ကွယ်က နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိနေသလား ဆိုတဲ့ သံသယ ဖြစ်မိကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရန်ကုန် မြို့အပါဝင် မြဝတီ၊ ကောသောင်း၊ တောင်ငူ၊ ပြည်၊ မအူပင် မြို့တွေမှာ ဆုတောင်းပွဲ တွေ သေဒဏ်ချမှတ်ခံ ရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိုလွှတ်ပေးဖို့တွေ တွေ ပြုလုပ် ခဲ့ ကြပါတယ်။

ရန်ကုန် ကထိုင်းသံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုကြ ခဲ့ကြသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာ လူငယ်နှစ်ဦး လွတ်မြောက်ရေး ကူညီပေးရန် ဆန္ဒပြသူများက ညနေ ပိုင်းက လာရောက်တောင်းဆို ခဲ့ကြကြောင်း သိရှိ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ