ထောင်နှစ်ရှည်ကျတဲ့ ကိုဘရန်ရုန်း ပြန်လွတ်မြောက်

  • 28 ဒီဇင်ဘာ 2015
Refugee Camp ဓာတ်ပုံ မူပိုင် AP
Image caption ကိုဘရန်ရုံးကို ၂၀၁၂ တုန်းက ဒုက္ခသည်စခန်း တစ်ခုမှာ ဖမ်းဆီးခဲ့

ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင် ၂၁ နှစ်ကျတဲ့ ကချင်ဒုက္ခသည်စခန်းက ကိုဘရန်ရုန်းဟာ အယူခံနဲ့ ပြန်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိုဘရန်ရုန်းဟာ ၂၀၁၂ ခုနှစ် မြစ်ကြီးနားမြို့ ရွှေစက်ဒုက္ခသည် စခန်းမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

တရားမဝင်အသင်းနဲ့ဆက်သွယ်မှု၊ ဖေါက်ခွဲရေးနဲ့သက်ဆိုင်တဲ့အမှုပေါင်း ၆ မှုနဲ့အရေးယူခံရပြီး ထောင်ထဲမှာ ၃ နှစ်ကျော် နေခဲ့ရပြီးနောက် ဒီဇင်ဘာ ၂၈ ရက်နေ့က လွတ်မြောက်လာတာပါ။

ဖမ်းဆီးထောင်ချခံရစဉ် နှိပ်စက်မှုတွေလည်း ရှိတယ်လို့ ကိုဘရန်ရုန်းက ဆိုပါတယ်။

တရားလွတ်တော်ရုံးချုပ်မှာ အယူခံဝင်ခဲ့ပြီးနောက် သူ့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ အောက်တရားရုံးအဆင့်ဆင့်မှာ အမှုလိုက်ပေးခဲ့တဲ့ရှေ့နေ ဦးမာခါးက ပြောပါတယ်။

ကိုဘရန်ရုန်းပြန်လွှတ်ပေးရေးအတွက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး တာဝန်ရှိသူတွေလည်း တောင်းဆိုခဲ့ဖူးပါတယ်။