ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အချိန် ကတ်သတ်မထား

  • 30 ဒီဇင်ဘာ 2015
_election_myanmar ဓာတ်ပုံ မူပိုင် AP
Image caption ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၄၀ ရှိနေပြီး၊ အဲဒီ တိုင်ကြားစာ ထဲက တချို့ကို ခုံရုံးဖွဲ့ စစ်ဆေး နေပြီ ဖြစ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ အတွင်း ပေါ်ထွက်ခဲ့တဲ့ အနိုင်အရှုံး အဖြေ တွေ ကို မကျေနပ် လို့ ကန့်ကွက် တိုင်ကြား ထားတဲ့ အမှုတွေ ကို စစ်ဆေး တဲ့ အခါ ဘယ်တော့ အပြီး ဆုံးဖြတ် ပေးရမယ် ဆိုတဲ့ အချိန် ကန့်သတ်မှု မရှိဘူး လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၄၀ ရှိနေပြီး၊ အဲဒီ တိုင်ကြားစာ ထဲက တချို့ကို ခုံရုံးဖွဲ့ စစ်ဆေး နေပြီ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

လက်ရှိ လွှတ်တော် သက်တမ်းဟာ ဇန်နဝါရီ လကုန်ရင် ပြီးဆုံး တော့မှာ ဖြစ်ပြီး နောက်လွတ်တော် အသစ် စတင်ရမှာ ဖြစ်ပါတယ်။

အဲဒီ့ အသစ် စတင်မယ့် လွှတ်တော် မှာ ကန့်ကွက် ခံထားရ လို့ အမှုကြား နာ မှု ခံယူ နေရတဲ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ် တွေ ပုံမှန် အတိုင်း တက်ရောက် နိုင်တယ် လို့ ဦးသိန်းဦး က ပြောပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းအခုံ ဖြစ်မှုတွေကို အချိန် အကန့် အသတ် အတိတကျ မသတ်မှတ် ထား ပေမယ့် နှစ်နဲ့တော့ ချီ မကြာ နိုင်ပဲ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးက လပိုင်း လောက်ပဲ အချိန်ယူကာ အပြီး အပြတ် အဆုံး အဖြတ် ပေးနိုင်တယ် လို့လည်း ဦးသိန်းဦးက ဆိုပါတယ်။

ရွေးကောက်မှာ တရားနည်းလမ်း အတိုင်း အနိုင်ရတာ မဟုတ်ပဲ ရွေးကောက်ပွဲ ဥပဒေ နဲ့ ငြိစွန်းကြောင်း မကျေနပ်ရင် လွှတ်တော် အမတ်တစ်ဦးချင်း အလိုက် အနိုင်ရ ကြေညာခဲ့တဲ့ နေ့ ကနေ ၄၅ ရက် အတွင်း ကော်မရှင်ထံ တိုင်ကြား နိုင်တာ ဖြစ်ပါတယ်။

ရွေးကောက် ပွဲရလဒ် နောက်ဆုံး ကြေညာခဲ့တာက နိုဝင်ဘာလ ၂၀ ရက်နေ့ ဖြစ်တဲ့အတွက် အဲ့ဒီ နောက်ဆုံး ကြေညာ ခံရတဲ့ သူတွေဟာ ဇန္နဝါရီလ ၄ ရက်နေ့မှာ ၄၅ ရက်အချိန် ပြည့်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ