ထိုင်း ရှေ့နေတွေနဲ့ မြန်မာ သံအမတ် တွေ့

  • 30 ဒီဇင်ဘာ 2015
thai_murder_ ဓာတ်ပုံ မူပိုင် AFP
Image caption သေဒဏ်ကျ မြန်မာတွေ ပြန်လွတ်ဖို့ တောင်းဆို

လိပ်ကျွန်း လူသတ်မှု မှာ အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထိုင်း ရှေ့နေများ ကောင်စီ နဲ့ မြန်မာ သံအမတ်ကြီးတို့ ဗုဒ္ဓဟူး နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

လူသတ်မှု အတွက် သေဒဏ်ကျတဲ့ မြန်မာ လူငယ် နှစ်ယောက် အတွက် အယူခံပေးဖို့ ထိုင်း ရှေ့နေများ ကောင်စီ ဘက်က ဆက်ပြီး ဆောင်ရွက်ပေးပါ လို့ ဒီတွေ့ဆုံပွဲမှာ မြန်မာ ဘက်က ပြောကြား ခဲ့တယ် လို့ လိပ်ကျွန်း လူသတ်မှု အထူး စုံစမ်းရေး ကော်မတီ က စုံစမ်း စစ်ဆေးရေး တာဝန်ခံ ဦးကျော်သောင်း က ပြော ပါတယ်။

အရင် စစ်ဆေးချက်မှာ အသစ် သက်သေ တွေ့ရှိချက် မြန်မာ ဘက်က ပြနိုင်ရင်၊ အရင် သက်သေ ထွက်ချက်တွေ မှားယွင်းကြောင်း ထောက်ပြနိုင်ရင် အသစ် ပြန် စစ်ဖို့ သေဒဏ်ကျ တွေရဲ့ မိသားစု ဝင် တွေ ဘက်က တောင်းဆို နိုင်တယ် လို့လည်း သိရပါတယ်။

ဇန်နဝါရီ လဆန်းမှာ မြန်မာ ဘက်က တရားရေး ကျွမ်းကျင်သူ၊ မှုခင်း ဆရာဝန်နဲ့ အထူး စုံစမ်း စစ်ဆေးတဲ့ ရဲ ဘက် တာဝန်ရှိသူ တွေ စေလွှတ်မယ် လို့ လည်း ပြောကြား ပါတယ်။

ဗြိတိန် နိုင်ငံသား နှစ်ဦး ကို သတ်မှုနဲ့ မြန်မာ နိုင်ငံသား နှစ်ဦး ကို ထိုင်း တရားရုံး က သေဒဏ် ချမှတ် ခဲ့တဲ့အပေါ် ဆန္ဒပြမှုတွေ ရန်ကုန်မြို့ မှာ တိုးပွား လာနေပါတယ်။

အခုလို မမျှော်လင့်ဘဲ ဆန္ဒပြမှု တွေ အချိန်ကြာ လာတဲ့ အတွက် ရန်ကုန်မြို့ ရှိ ထိုင်းသံရုံး ရဲ့ ကောင်စစ်ဝန် ဌာနကို ယခု သီတင်းပတ် မှာ ပိတ်ထားမယ် လို့ သံရုံးကဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ