သမ္မတ လုံခြုံရေး ဆိုင်ရာ ဥပဒေ အတည်ပြု

  • 31 ဒီဇင်ဘာ 2015
Image caption တာဝန်အရ ဆောင်ရွက်ချက်များ ဆိုတဲ့ စကားရပ် နေရာမှာ တာဝန်အရ ဥပဒေနဲ့ အညီ ဆောင်ရွက်ချက်များ လို့သာ ပြင်ဆင်

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင် ချက် ၁၆ ချက် ဖြည့်စွက် ချက် ၁ ချက်တို့နဲ့ ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ လ ၃၁ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။

ဒီဥပဒေကြမ်း မှာပါဝင်တဲ့ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့ သူက နိုင်ငံတော် သမ္မတ အဖြစ် ထမ်း ဆောင်ခဲ့ သည့် ကာလ အတွင်း တာဝန် အရ ဆောင်ရွက်ချက် များကို အကြောင်းပြုလျှက် တရားစွဲဆို ခြင်းနဲ့ အရေယူခြင်း မရှိစေရ ဆိုတဲ့ အပိုဒ်ကို ပယ်ဖျက် ပေးဖို လွှတ်တော်ကိုယ်စား လှယ် အချို့က ဆွေးနွေးခဲ့ပါတယ်။

အခု အချက်ဟာ လက်ရှိ ဖွဲ့အစည်းပုံအခြေခံဥပဒေနဲ့လည်း ညီ ညွတ်မှု မရှိဘူးလို့ကန့်ကွက်သူ တွေက ဆိုပါ တယ်။

ဒီလို ကန့်ကွက်ခဲ့ပေမဲ့ တစ်ပိုဒ်လုံးကို ပယ်ဖျက် တာမျိုး မလုပ်ဘဲ တာဝန်အရ ဆောင်ရွက်ချက်များ ဆိုတဲ့ စကားရပ် နေရာမှာ တာဝန်အရ ဥပဒေနဲ့ အညီ ဆောင်ရွက်ချက်များ လို့သာ ပြင်ဆင်ပြီးအတည် ပြု ခဲ့ပါတယ်။

ဒီအပြင် ဥပဒေကြမ်း မှာပါတဲ့ သမ္မတရဲ့ ကိုယ်ရံတော်နဲ့ကိုယ်ရံတော်အဖွဲ့ အား သက်ဆိုင်ရာ ဝန်ကြီးဌာန ကခန့်အပ်သူ ဆိုတဲ့ အပိုဒ်မှာတော့ ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန် ပေးအပ်သူ လို့ပြောင်းလဲ ပြင်ဆင် ထားပါတယ်။

အခု ဥပေဒကြမ်းဟာ ရာထူးက အနားယူမယ့် သမ္မတ နဲ့သူမိသားစု လုံခြုံရေး အတွက် ပြဌာန်းတာ ဆိုပေမယ့် သမ္မတ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး လွတ်ငြိမ်း ချမ်းသာ ခွင့် ကိုပါ ရောပြီး ပြဌာန်း တဲ့အတွက် ဝေဖန် ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ