သမ္မတ၊ လွှတ်တော် နာယက နဲ့ ကာချုပ်တို့ရဲ့ နှစ်သစ်ကူး စကား

  • 1 ဇန်နဝါရီ 2016
min_aung_hlaing ဓာတ်ပုံ မူပိုင် Reuters
Image caption တပ်မတော်ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီးတော့ ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ ကာချုပ်က နှစ်သစ်ကူး စကားထဲ ထည့်သွင်း ပြောဆို။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ အသီးသီးက အခု ၂၀၁၆ ခုနှစ် နှစ်သစ် အကူး နှုတ်ခွန်းဆက် စကားတွေ အသီးသီး၊ အများပြည်သူ ကို ပြောဆို ခဲ့ ပါတယ်။

၂၀၁၆ ခုနှစ် မှာ မြန်မာ နိုင်ငံ အတွက် နိုင်ငံရေး အရရော စီးပွားရေး အရပါ အခွင့်လမ်း ကောင်းတွေ ရှိလာမယ် လို့ ယုံကြည် တယ် ဆိုပြီး သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ သလို၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ကလည်း သူ့ရဲ့ နှုတ်ခွန်းဆက် စကားထဲမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်စုနဲ့ တစ်စု မှန်ကန်တဲ့ စေတနာတွေ ထိန်းသိမ်း ထားရှိ နိုင်ကြပါစေ ဆိုပြီး ထည့်သွင်း ပြောကြားခဲ့ ပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူး စကားထဲမှာတော့ အခုနှစ်သစ်ဟာ မြန်မာ နိုင်ငံ အတွင်း ဒီမိုကရေစီ စနစ် ခိုင်မာဖို့နဲ့ ဖွံ့ဖြိုးရေး တို့ အတွက် အရှိန်အဟုန် မြှင့် လုပ်ဆောင် ကြရမယ့် နှစ် လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီးတော့လည်း ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ နှစ်သစ်ကူး စကားထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ