NCA ထိုးထားတဲ့ ရှမ်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြန်ဖြစ်

  • 1 ဇန်နဝါရီ 2016
_rcss_ssa ဓာတ်ပုံ မူပိုင် AP
Image caption NCA နောက်ပိုင်း သူတို့ တပ်တွေ စခန်းချ ထားတဲ့ နေရာတွေ ကို အစိုးရတပ်က သိရှိ လာတဲ့ အတွက်ကြောင့် လာရောက် တိုက်ခိုက်တာ ခံခဲ့ရတယ် ဆိုပြီး RCSS က ပြော။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ အစိုးရ တပ် အကြား နှစ်သစ်ကူး အကြို ပြီးခဲ့တဲ့ ကြာသာပတေး နေ့ ကပဲ မိုင်းပြင်း မြို့နယ် ဝမ်တုန် ရွာနားမှာ တိုက်ပွဲ ဖြစ် ခဲ့ ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ ပါဝင် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ထဲက တဖွဲ့နဲ့ အစိုးရတပ် အကြား NCA စာချုပ် လက်မှတ် ထိုးပြီး နောက်ပိုင်း ပထမဆုံး တိုက်ပွဲ ဖြစ်လာတာပါ။

NCA နောက်ပိုင်း သူတို့ တပ်တွေ စခန်းချ ထားတဲ့ နေရာတွေ ကို အစိုးရတပ်က သိရှိ လာတဲ့ အတွက်ကြောင့် ခလရ ၂၇၈ တပ်ရဲ့ လာရောက် တိုက်ခိုက်တာ ခံခဲ့ရတယ် ဆိုပြီး RCSS ပြောခွင့်ရ ဗိုလ်မှုးကြီး စိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့ တိုက်ပွဲ မှာ RCSS ဘက်က တစ်ဦး သေဆုံးကြောင်း အတည်ပြု နိုင်ပေမယ့် အစိုးရ ဘက်က အကျအဆုံး စာရင်းကိုတော့ မသိရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ