အပစ်ရပ် အဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

  • 1 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် sspp
Image caption ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့က တစ်ယောက် ကျဆုံး

ဒီဇင်ဘာလ ၃၁ ရက်နေ့က ရှမ်းပြည် မိုင်းပြင်း မြို့နယ် မိုင်းပူးကြီး ဒေသ ဝမ်တုံရွာ မှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA နဲ့ အစိုးရ ရဲ့ ခလရ (၂၇၈) တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့ဟာ အစိုးရ နဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို ထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

RCSS/SSA တပ်နဲ့ အစိုးရ ရဲ့ အောက်ခြေက တပ်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ရာမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့က တစ်ယောက် ကျဆုံးခဲ့ကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးပြီး နောက်ပိုင်းမှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ဘက်က တပ်စခန်းတွေ အတိအကျ ပေါ်လာလို့ အစိုးရဘက်က ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အခု တိုက်ပွဲ နဲ့ ပါတ်သက်ပြီး ဆက်ဆံရေး ရုံးကနေ တဆင့် အစိုးရ တပ်စ ထိပ်တန်း ခေါင်းဆောင်တွေ၊ တိုင်းမှူးတွေနဲ့ ရှမ်းပြည်က နယ်လုံ ဝန်ကြီး တို့ ထံကို အသိပေး အကြောင်း ကြားခဲ့တယ်လို့ လည်း ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်ကို တိုက်ပွဲ သတင်းနဲ့ ပါတ်သက်ပြီး မေးမြန်းဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ