ဖေဖော်ဝါရီ ပထမပတ်မှာ လွှတ်တော်သစ် ခေါ်နိုင်

  • 2 ဇန်နဝါရီ 2016
hluttaw
Image caption လက်ရှိ လွှတ်တော် သက်တမ်း ဇန်နဝါရီ ၃၁ မှာ ကုန်ဆုံး

လာမယ့် ဖေဖော်ဝါရီလ ပထမပတ်မှာ မြန်မာ လွှတ်တော် အသစ်တွေ ခေါ်ယူနိုင် တယ်လို့ NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

ဥပဒေ အရ လက်ရှိ လွှတ်တော် တွေ အားလုံးရဲ့ သက်တမ်းက ဇန်နဝါရီ ၃၁ မှာ ကုန်ဆုံးမှာ ဖြစ်လို့ လွှတ်တော် အသစ် တွေကို လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ တွေက ခေါ်ယူ ပေးသွားရ မယ် လို့ သိရပါတယ်။

အဲဒိ လွှတ်တော် သစ်မှာ လွှတ်တော် ဥက္ကဋ္ဌတွေ ရွေးချယ်ပြီး ဒုတိယ သမ္မတ လောင်း တွေ ရွေးချယ်ရေးနဲ့ အစိုးရ ဖွဲ့စည်းရေး ကို မတ်လ အစိုးရ သက်တမ်း မကုန် မီ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

လက်ရှိ လွှတ်တော် တွေမှာ တင်သွင်း ဆွေးနွေး နေတဲ့ ဥပဒေ တွေ မပြီးပြတ်ဘဲ ကျန်နေရင် လွှတ်တော် သစ်မှာ အသစ်က ပြန်စရမယ် လို့ လည်း ဥပဒေကြမ်း ကော်မတီ က ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

လောလောဆယ် အမျိုးသား လွှတ်တော် မှာ ဆွေးနွေးနေတဲ့ ဥပဒေကြမ်း ၂ ခု ရှိပြီး ပြည်သူ့ လွှတ်တော် မှာ ၅ ခု လောက် ရှိတယ် လို့ ဆိုပါတယ်။

လူပြောများ နေတဲ့ ကာလုံ ခေါ် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ဥပဒေ ကြမ်းကို တော့ ခုထိ လွှတ်တော် မှာ တင်သွင်းမှု မရှိသေးဘူး လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ