မဘသ နဲ့ NLD တွေ့ဆုံ

  • 2 ဇန်နဝါရီ 2016
Image caption မဘသ ဆရာတော်တွေနဲ့ NLD တစ်ဘက်နဲ့ တစ်ဘက် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက် သွားမယ်

ဇန်နဝါရီလ ၁ ရက်နေ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦး တို့ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် မှာ တွေ့ ဆုံခဲ့ကြပါတယ်။

တိုင်းပြည်နဲ့ ဘာသာ သာသနာ ဆိုင်ရာမှာ လုပ်နေတဲ့ အဖွဲ့နဲ့ နိုင်ငံရေး လုပ်နေတဲ့ အဖွဲ့တို့ကြား မတူတာတွေ ထားပြီးတော့ တူညီတာတွေ လက်တွဲ လုပ်ဆောင် ဖို့ အခုလို တွေ့ဆုံ ခဲ့တာဖြစ်ကြောင်း ဆရာတော် ဦးတိလောက က မိန့်ကြား ပါတယ်။

အမျိုးသားရေး အတွက် အတူ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး မဘသ အနေနဲ့ ဆန့်ကျင် တိုက်ခိုက် နေတာ မရှိခဲ့ဘူးလို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

အင်းစိန် ရွာမ ပရိယတ္တိ ကျောင်းတိုက် ဆရာတော် ကနေ ၂၀၁၅ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ အတွက် ဝမ်းမြောက်ကြောင်း စာရေးသားပြီး NLD ထံကို ပေးပို့ ခဲ့ကြောင်း နဲ့ NLD ပါတီ အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားဖို့ သွားရောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မဘသ ဆရာတော်တွေနဲ့ NLD တစ်ဘက်နဲ့ တစ်ဘက် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက် သွားမယ့် အကြောင်းနဲ့ ဆရာတော်တို့ ပြောသွားခဲ့တာတွေကိုလည်း ဩဝါဒ အနေနဲ့ လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း NLD နာယက ဦးတင်ဦးက ပြောပါတယ်။

တိုင်းပြည်မှာ အရင်တုန်း က ဖြစ်ပျက် ခဲ့တာတွေကို မစဉ်းစားကြတော့ဘဲ တိုင်းသူ ပြည်သားတွေ ကောင်းကျိုး အတွက် အားလုံး လက်တွဲ လုပ်ဆောင်ကြမယ့် အကြောင်း မဘသ ဆရာတော်က ဩဝါဒ ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ