ရခိုင်မှာ တိုက်ပွဲပြင်းထန်လို့ ဒေသခံတွေ တုန်လှုပ်နေ

  • 2 ဇန်နဝါရီ 2016
_arakan_army
Image caption လက်နက်ကြီးသံတွေကို ကျောက်တော် မြို့ပေါ် ကနေ ကြားနေရပြီး အစိုးရ စစ်ကူ တွေ ထပ်ရောက် လာတဲ့ အတွက် တိုက်ပွဲတွေ ပိုပြင်းလာမယ့် အရေး ဒေသခံတွေ ကြား စိုးရိမ်နေ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ထဲမှာ အစိုးရ စစ်တပ်နဲ့ ရက္ခိုင့် တပ်မတော်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် ဒေသခံ တွေ အနေနဲ့ ပေါ်တာ ဆွဲခံ ရမှာ စိုးရိမ် လို့ မြို့ပေါ်တက် ပုန်းရှောင် အိပ်နေရတယ် ဆိုပြီး ကျောက်တော်မြို့ခံ တွေက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ ကြောင့် ဒေသခံ လယ်သမားတွေ လုပ်ကိုင် စားသောက် နေကြရတဲ့ သီးနှံ စိုက်ခင်းတွေ ကိုလည်း ဂရုမစိုက် နိုင်တော့ပဲ ပစ်ထား ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ဇန်နဝါရီ ၂ ရက် နေ့က ဆိုရင် ကျောက်တော်မြို့ ပေါ်မှာ လူအင်အား ၂၀၀ ကျော်ဟာ စစ်ပွဲတွေ ရပ်ကြဖို့ ဆန္ဒပြ ချီတက် တောင်းဆို ခဲ့ကြပါတယ်။

လက်နက်ကြီးသံတွေကို ကျောက်တော် မြို့ပေါ် ကနေ ကြားနေရပြီး အစိုးရ စစ်ကူ တွေ ထပ်ရောက် လာတဲ့ အတွက် တိုက်ပွဲတွေ ပိုပြင်းလာမယ့် အရေး ဒေသခံတွေ ကြား စိုးရိမ်နေကြောင်း သိရတယ် ဆိုပြီး ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ