သံဖြူဇရပ် ပြတိုက်သစ် ဖွင့်လှစ်မယ်

  • 3 ဇန်နဝါရီ 2016
_death_railway_burma
Image caption ၁၇၅ မိုင် အရှည်ရှိတဲ့ ရထားလမ်း ဖောက်ခဲ့တာ မှာ အစာရေစာ မပြည့်ဝမှု၊ အလုပ်လုပ် ကိုင်ရတဲ့ အခြေအနေ နဲ့ ငှက်ဖျားဒဏ် တွေ လူပေါင်း တစ်သောင်း ခြောက်ထောင် ဝန်းကျင် သေဆုံး ခဲ့ရ တဲ့ အတွက် တစ်မိုင်ကို လူ့ အသက်ပေါင်း ၉၀ လောက် စတေးပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။

သေမင်းတမန် ရထားလမ်း ဆိုပြီး အသိများတဲ့ ဒုတိယကမ္ဘာ စစ်အတွင်း စစ်သုံ့ပန်းတွေ၊ ချွေးတပ်သားတွေ ရဲ့ အသက်ပေါင်း များစွာ ကို စတေးပြီး ဂျပန် တို့ ဖောက်လုပ် ခဲ့တဲ့ မွန်ပြည်နယ် သံဖြူဇရပ် မြို့မှာ အဲဒီ့ ဖြစ်ရပ် နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် ပြတိုက် တစ်ခု ဇန်နဝါရီ ၄ ရက်နေ့ မှာ ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

မြန်မာ နဲ့ ထိုင်း အကြား ဆက်သွယ်ဖို့ ၁၇၅ မိုင် အရှည်ရှိတဲ့ ရထားလမ်း ဖောက်ခဲ့တာ မှာ အစာရေစာ မပြည့်ဝမှု၊ အလုပ်လုပ် ကိုင်ရတဲ့ အခြေအနေ နဲ့ ငှက်ဖျားဒဏ် တွေ လူပေါင်း တစ်သောင်း ခြောက်ထောင် ဝန်းကျင် သေဆုံး ခဲ့ရ တဲ့ အတွက် တစ်မိုင်ကို လူ့ အသက်ပေါင်း ၉၀ လောက် စတေးပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘက်ခြမ်း မှာ သေမင်းတမန် ရထားလမ်း အတွက် အထိမ်းအမှတ် နေရာ ရှိနှင့်ပြီး ဖြစ်သလို ကမ္ဘာလှည့် ခရီးသွား တွေ အဓိက လာရောက် လေ့ ရှိကြတဲ့ နေရာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ဘက်ခြမ်း မှာ တော့ အဲဒီ့လို ကမ္ဘာလှည့် ခရီးသွား လာရောက်ဖို့ ပြင်ဆင်မှု တွေ မရှိ ခဲ့ရာ ကနေ ၂ ထပ် ပြတိုက် အဖြစ် အသစ် ပြန်လည် မွမ်းမံ တာ အပါအဝင် ဟိုတယ်၊ စားသောက်ဆိုင် တွေ ဖွင့်ဖို့ ပြင်ဆင် ခဲ့ ကြပါတယ်။

ဒေသ ဖွံ့ဖြိုးရေး အတွက် ကမ္ဘာလှည့် ခရီးသွား တွေကို ဆွဲဆောင် နိုင်တဲ့ နေရာ တစ်ခု ရှိလာဖို့ လုပ်ဆောင်ရတာ ဖြစ်တယ် ဆိုပြီး ပြတိုက်ကို အသစ် မွမ်းမံ တည်ဆောက် ခဲ့တဲ့ တလမွန် ကုမ္ပဏီ က ပြောပါတယ်။

ဂျပန် စစ်တပ်က သေမင်းတမန် ရထားလမ်းကို ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ နယူးဇီလန်၊ သြစတြီးယား၊ ဒိန်းမတ်နဲ့ နယ်သာလန် စတဲ့ နိုင်ငံတွေက စစ်သုံ့ပန်း တွေ နဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံ အနှံ့က ချွေးတပ်သား တွေ စုဆောင်းပြီး ဖောက်လုပ် ခဲ့တာ ဖြစ်ပါတယ်။

ရထားလမ်း ဖောက်လုပ်ရင်း အသက်သေဆုံး ခဲ့ရသူတွေ ရဲ့ ကျန်ရစ်သူ မိသားစုဝင် အဆက်အနွယ်တွေ၊ သမိုင်းဝင် နေရာ တစ်ခု အဖြစ် စိတ်ဝင်စား ကြသူတွေ လာရောက် နိုင်ကြ မယ် ဆိုပြီး ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ပေးလိုသူတွေ က မျှော်လင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ