၂၀၁၅ အတွင်း ရန်ကုန် မှာ မှုခင်း ပိုများ

  • 3 ဇန်နဝါရီ 2016
Image caption မုဒိမ်းမှုလို အမှုကြီး (၃၉၇)မှု ရှိခဲ့ပြီး ဒီထဲမှာ လူသတ်မှု (၁၉၁) လုယက်မှု (၆၇)မှု ရှိခဲ့

ရန်ကုန်တိုင်းဒေသကြီးမှာ (၂၀၁၅)ခုနှစ်အတွင်း လူသတ်မှု နဲ့ လုယက်မှု ဟာ အရင်နှစ်ကထက် ပိုများခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းထဲမှာ လူသတ်မှု လုယက်မှု မုဒိမ်းမှုလို အမှုကြီး (၃၉၇)မှု ရှိခဲ့ပြီး ဒီထဲမှာ လူသတ်မှု (၁၉၁) လုယက်မှု (၆၇)မှု ရှိခဲ့တာဖြစ်ပါတယ်။

ဒီလို အမှုကြီးတွေဟာ နှစ်ကုန်ပိုင်းမှာ ပိုမိုအဖြစ်များခဲ့ပြီး တရားခံ မမိသေးတဲ့ အမှုတွေလည်း ကျန်နေပါသေးတယ်။

ယခု နှစ်တွေ အတွင်း မှုခင်း ဖြစ်ပွားမှုတွေ များလာနေပြီး ၂၀၁၅ ခုနှစ်မှာ မှုခင်း ဖြစ်နှုန်း က (၂၀၁၄)ခုနှစ် နဲ့စာရင် လျော့ကျသွားခြင်း မရှိ ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးပြည့်စုံ က ပြောပါတယ်။

မှုခင်း ကျဆင်းရေး ကို ရဲတပ်ဖွဲ့က ဆောင်ရွက် နေတယ် ဆိုပေမယ့် ရန်ကုန်မှာ တော့ အပြင်ထွက် ရာမှာ လုံခြုံမှု မရှိတာ လုယက်ခံရမှာတို့ကို အမျိုးသမီး တွေက စိုးရိမ် မှုတွေ ရှိနေတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ triangle women အဖွဲ့က မခင်လေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း တရားခံပြေးကို ဖမ်းတဲ့ ရဲ (၂)ဦး ဓားထိုးခံရပြီး သေဆုံး ခဲ့သလို လမ်းမပေါ်မှာ အုပ်စုဖွဲ့ ရိုက်နှက်မှုတွေ လူသွားလူလာ များတဲ့ နေရာမှာ လူသတ်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခု (၂၀၁၆) ခုနှစ် နှစ်စကနေစလို့ မှုခင်းကျဆင်းဖို့ ကြပ်မတ် ဆောင်ရွက်မှုတွေ ပိုလုပ် နေတယ်လို့ ရဲမှူး ပြည့်စုံ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ