ဒေါ်စု လွတ်လပ်ရေးနေ့ မိန့်ခွန်းပြော

  • 4 ဇန်နဝါရီ 2016
suu_ ဓာတ်ပုံ မူပိုင် AFP
Image caption ငြိမ်းချမ်းရေး ရအောင် တည်ဆောက်သွားမယ်

အပြောင်းအလဲ ကြောင့် စိုးရိမ်နေတဲ့ ပြည်သူ ပြည်သား တွေကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မစိုးရိမ်ဖို့ လွတ်လပ်ရေး နေ့မှာ ပြောကြား လိုက်ပါတယ် ။

အားလုံး အတွက် အကျိုး ဖြစ်စေ မယ့် အပြောင်းအလဲ ဖြစ်အောင် အစွမ်းကုန် ကြိုးစားမယ့် အကြောင်း၊ အားလုံး အတွက် အကျိုးဖြစ်ဖို့ ဆိုတာ ပြည်သူ လူထု ရဲ့ နှလုံးသား ထဲမှာ ပေးချင်တဲ့ စိတ်ဓာတ် ရှိဖို့လိုတယ် လို့ သူက ပြောပါ တယ် ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ရဲ့ ပထမဆုံး အလုပ်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ လို့ ပြောသွား ခဲ့ပါတယ် ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး မှာ လွတ်လပ်ရေး အခမ်းအနား ကို ကျင်းပခဲ့ပါတယ် ။

သမ္မတ ရဲ့ သဝဏ်လွှာ မှာတော့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းကြောင်းမှန် ပေါ်မှာ ဆက်လက် ရှင်သန်နိုင်ဖို့ တိုင်း ရင်းသား၊ ပြည်သူနဲ့ တပ်မတော်တို့ တသားတည်း ပူးပေါင်း ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော် လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရ သာမက လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်နဲ့ ပြည်သူ တရပ်လုံး ပါဝင်မှ သာ အောင်မြင်မှာ ဖြစ်ကြောင်း ပါရှိပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ