NLD နဲ့ အပစ်ရပ် ခေါင်းဆောင်တချို့ တွေ့ဆုံ

  • 4 ဇန်နဝါရီ 2016
DASSK meets ethnics ဓာတ်ပုံ မူပိုင် CDES
Image caption ပြီးခဲ့တဲ့လက အပစ်ရပ် အဖွဲ့တွေနဲ့ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံခဲ့

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် တွေနဲ့ NCA တစ်နိုင်ငံလုံ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မူလ တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ တွေ့ဆုံကြမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တန်း ဆွေးနွေးရာမှာ NLD ဘက်က နာယက သူရဦးတင်ဦး၊ ဗဟို ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန်တို့ အပြင် လွှတ်တော် ကိုယ်စားလှယ် ဦးနိင်ငံလင်းတို့ ပါဝင်ပြီး တိုင်းရင်းသား ၈ ဖွဲ့ထဲ အတွက် ကိုယ်စားလှယ် သုံးယောက်နဲ့သာ တွေ့ဆုံခဲ့ကြပါတယ်။

မကြာခင်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဘယ်လိုပုံနဲ့ ကျင်းပမယ်၊ အချိန်ကာလ ကန့်သတ်ချက်တွေကို ဘယ်လို ထားမယ် ဆိုတာတွေကို အဓိက ထားပြီး အချက်အလက် ဖလှယ်တဲ့ သဘော ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါတဲ့ PNLO ပအိုဝ်း တိုင်းရင်းသား လွတ်မြောက်ရေး အဖွဲ့ ချုပ်ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဖွင့်ပွဲ အဆင့်လောက်သာ မဟုတ်ဘဲ ပိုမို ထိရောက်အောင် ကျင်းပနိုင်ရေး ရည်ရွယ် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပြီး အသေးစိတ် အချက် အလက်တွေကိုတော့ အခု အချိန်မှာ ပြောဖို့ စောသေးတယ်လို့ သူက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၈ ရက်နဲ့ ၉ ရက်မှာ ပြုလုပ်မယ့် UPDJC ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်း အဝေးမှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်တယ် လို့လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ