တရုတ်ကုမ္ပဏီ အကျိုးရှိအောင် ကျောက်ဖြူ စီမံကိန်း တွန်းလုပ်နေတာလို့ ဝေဖန်နေ

  • 4 ဇန်နဝါရီ 2016
kyauk_phyu_sez
Image caption ကျောက်ဖြူ မှာ တရုတ်ပြည် အထိ ဆက်သွယ် ထားရှိမယ့် ဓာတ်ငွေ့ နဲ့ ရေနံ ပိုက်လိုင်း စီမံကိန်းတွေ၊ မီးရထားလမ်း စီမံကိန်းတွေ ရှိနှင့် နေပြီး ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့နယ်မှာ အထူး စီးပွားရေးဇုံ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ရာ လွှတ်တော် က အတည်ပြု ပြီး နောက်တစ်ရက် မှာပဲ တရုတ် အစိုးရပိုင် စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်တဲ့ တရုတ် နိုင်ငံတကာ ရံပုံငွေ နဲ့ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CITIC အုပ်စု ကို တင်ဒါ အအောင်ပေး လိုက်တဲ့ အစိုးရ ရဲ့ လုပ်ရပ် အပေါ် ဝေဖန်မှု တွေ ပေါ် ထွက် နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၈ ရက် နေ့က ကျောက်ဖြူ အထူး စီးပွားရေး ဇုံ ကို လွှတ်တော်က အတည်ပြု ပြီး နောက်တစ်ရက် မှာပဲ CITIC အုပ်စု တင်ဒါ ရရှိ ခဲ့ ပါတယ်။

လက်ရှိ အစိုးရ သက်တမ်း လအနည်းငယ် ပဲ လိုတော့တဲ့ အချိန်မှာ တရုတ် ကုမ္ပဏီ ရဲ့ အကျိုး စီးပွား များများ ရအောင် တွန်းပြီး လုပ် နေတာ ဖြစ်တယ် ဆိုပြီး ဒေသတွင်း ရခိုင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန် အခြေစိုက် ရခိုင်သဟာယ အသင်း ကလည်း လက်ရှိ အစိုးရ လုပ်ဆောင် နေတဲ့ ကျောက်ဖြူ စီမံကိန်း ဟာ ပွင့်လင်း မြင်သာမှု မရှိပဲ၊ ဒေသခံ လူထု ရဲ့ အသံကို လည်း လျစ်လျူရှု ထားကြတယ် ဆိုပြီး ဝေဖန် ထားပါတယ်။

ကျောက်ဖြူ မှာ တော့ တရုတ်ပြည် အထိ ဆက်သွယ် ထားရှိမယ့် ဓာတ်ငွေ့ နဲ့ ရေနံ ပိုက်လိုင်း စီမံကိန်းတွေ၊ မီးရထားလမ်း စီမံကိန်းတွေ ရှိနှင့် နေပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ