ငြိမ်းချမ်းရေး အတွက် အရပ်ဖက် အဖွဲ့တွေ တောင်းဆို

  • 7 ဇန်နဝါရီ 2016
Image caption ကျင်းပမယ့် ညီလာခံက စစ်ပွဲတွေကို လစ်လျူရှု တာလို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြော

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကို အရပ်ဖက် လူထု အဖွဲ့အစည်း ၁၂၆ ဖွဲ့က စုပေါင်း ပြီး သဘောထား ထုတ်ပြန်ပြီး ရွှေ့ဆိုင်းဖို့ တောင်းဆို ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူ လိုက်တာ ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင် ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လစ်လျူရှု လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ် ကတည်းက ဆွေးတွေး အတည်ပြုလာခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ဟာ လက်တွေ့မှာ ကောင်းကျိုး မပြုဘဲ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တွေ ပိုများ လာတဲ့ အတွက် ဆိုးကျိုးကိုသာ ဖြစ်ပွားစေခဲ့ပါတယ်။

အရင်တုန်းက အခု လက်မှတ်ရေးထိုး ထားတဲ့ ၈ ဖွဲ့ ကနေမှ နောက်ထပ် အဖွဲ့တွေ ငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုးလာကြလိမ့်မယ်လို့ မျှော်လင့်ချက် ထားခဲ့တယ်လို့ အဆိုပါ ၁၂၆ ဖွဲ့က ပြောကြားပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ခဲ့တဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့နဲ့ပါ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ အတွက် လက်မှတ် မထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေး မှာ ပါဝင်ဖို့ အခြေအနေ နည်းပါ လာခဲ့တယ်လို့ GPS အဖွဲ့ ဒါရိုက်တာ ဦးသွင်လင်းအောင် က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်တဲ့ အပစ်အခတ် ရပ်စဲရေး ကို အရင်ဦးစွာ အကောင်အထည်ဖော်ဖို့ အတွက် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အကြံပြုချက် တွေနဲ့ အမြင် သဘောထား တွေကို စုစည်း ရယူဖို့ အရပ်ဖက် စုပေါင်း အဖွဲ့အစည်းကနေ တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ