KIA ရာထူး အပြောင်းအလဲတွေ လုပ်

  • 8 ဇန်နဝါရီ 2016
kia ဓာတ်ပုံ မူပိုင် AFP
Image caption အပစ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးနေတဲ့ ဗိုလ်ချုပ် ဂွမ်မော်

တိုက်ပွဲတွေ တိုးမြှင့် ဖြစ်ပွား လာနေတာကြောင့် KIA ကချင် လွတ်လပ်ရေး အဖွဲ့ အတွင်းမှာ ဒုတိယ စစ်ဦးစီးချုပ် အသစ် တွေ တိုးချဲ့ ခန့်ထားတာ အပါအဝင် ရာထူး အပြောင်းအလဲ တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခ မဟုတ်ပေမယ့် အဖွဲ့ အတွင်းမှာ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိခဲ့တယ် လို့ ကေအိုင်အေ အပစ် ရပ်စဲရေး ညှိနှိုင်းရေး ဆိုင်ရာ အကြံပေး အဖွဲ့ ပြောခွင့်ရ ဦးဒေါင်ခါးက ပြောပါတယ်။

အပစ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတဲ့ ဗိုလ်ချုပ် ဂွမ်မော်က ဒုတိယ စစ်ဦးစီးချုပ် အဖြစ် ဆက်တာဝန်ယူပြီး ဆွေးနွေးမှုတွေ လုပ်သွားဖို့ ရှိပါတယ်။

တခြား ဒုတိယ စစ်ဦးစီးချုပ် ၂ ယောက် ကိုလည်း ထပ်မံ ခန့်အပ် ခဲ့ပါတယ်။

အဖွဲ့တွင်း ကွဲပြဲမှုတွေ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေချိန်မှာ အစိုးရ တပ်တွေက KIA ကို စစ်ဆင်ရေး တိုးမြှင့် လုပ်တာတွေလည်း ရှိနေတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ