မင်္ဂလာစျေးက ပစ္စည်းတွေ ပြန်ထုတ်ခွင့်ပြု

  • 10 ဇန်နဝါရီ 2016
rgn_fire
Image caption စနေနေ့ မနက် က ရန်ကုန် မင်္ဂလာစျေး မီးလောင်ခဲ့

စနေနေ့ မနက် က ရန်ကုန် မင်္ဂလာစျေး မီးလောင်မှုအပြီး အထည်ထပ် ဖြစ်တဲ့ မြေညီထပ်က ဆိုင်ခန်း တချို့က ပစ္စည်း တွေကို တနင်္ဂနွေနေ့မှာ ပြန် ထုတ်ခွင့်ပြု လိုက်ပါတယ်။

ဆိုင်ခန်း ၂ဝဝ လောက်က ပစ္စည်းတွေကို စျေးကော်မတီတွေနဲ့ အာဏာပိုင်တွေ ကြီးကြပ်ပြီး ထုတ်ယူနိုင်ခဲ့တယ် လို့ မင်္ဂလာ စျေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောပါတယ်။

ရေပက် ငြှိမ်းသတ်ရလို့ ပစ္စည်း တချို့ ရေစိုတာက လွဲလို့ မြေညီထပ်မှာ ဆုံးရှုံးမှု နည်းတယ် လို့ ဆိုပါတယ်။

နောက်ရက်တွေ မှာလည်း တခြား အထပ်တွေက ဆိုင်ခန်း တွေကို ဆက်ထုတ်ခွင့်ပြု ပေးမှာပါ။

အပေါ်ဆုံး ၂ ထပ်ကတော့ မီးလောင်ကျွမ်း သွားပါတယ်။

စျေးပရိဝုဏ် အတွင်း ယာယီ စျေးပြန်ဖွင့်နိုင်ဖို့ စည်ပင်နဲ့ ညှိနှိုင်း နေပြီး ၂ ကြိမ် မီးသင့်ခံ ထားရတဲ့ စျေးကို ပြန်ဆောက်ဖို့လည်း စဉ်းစား နေတယ်လို့ သိရပါတယ်။

မင်္ဂလာစျေး မှာ စျေးဆိုင်ပေါင်း ၄ဝဝဝ ကျော် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ