တကောင်းက နီကယ်အလုပ်သမား ထိခိုက်သေဆုံး

  • 13 ဇန်နဝါရီ 2016
china_steel ဓာတ်ပုံ မူပိုင် Getty
Image caption အန္တရာယ်များတဲ့ သတ္တုစက်ရုံ လုပ်ငန်းခွင်

တရုတ် ကုမ္ပဏီ တခုနဲ့ သတ္တုတွင်း ဝန်ကြီးဌာနတို့ ပူးတွဲ ဆောင်ရွက် နေတဲ့ တကောင်း နီကယ် စက်ရုံ မှာ ပြီးခဲ့တဲ့ ၄ လ လောက်က မြန်မာ အလုပ်သမား တဦး မတော်တဆ ထိခိုက်မှုနဲ့ သေဆုံးခဲ့ပြီး တခြား မြန်မာ အလုပ်သမား ၂ ယောက် အလုပ်ထုတ် ခံထား ရပါတယ်။

အလုပ်သမား တယောက် က မကျေနပ် လို့ တိုင်ကြားတဲ့အတွက် အလုပ်သမား ပဋိပက္ခ ဖြေရှင်းရေး ခုံသမာဓိ ကောင်စီ အထိ အမှု ရောက်ရှိ လာခဲ့ ပါတယ်။

အလုပ်ထုတ်ခံရသူ တွေကို ပြန်ခန့်ဖို့ ကောင်စီက အမိန့်ချ ခဲ့ပေမယ့် ကြားကာလ နစ်နာကြေးပဲ ရရှိပြီး ခန့်ထားတာ မတွေ့ရဘူး လို့ ခုံသမာဓိ ကောင်စီရဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက ပြောပါတယ်။

သေဆုံးသူ အတွက် နစ်နာကြေး ပေးပေမယ့် ဒီအမှုကို သက်ဆိုင်ရာ ဝန်ကြီး ဌာနက စုံစမ်း စစ်ဆေးမှု လုပ်တာ မတွေ့ရသေး ပါဘူး။

သေဆုံးမှုမှာ တာဝန် ရှိတဲ့ တရုတ် အလုပ်သမားကို တရုတ်ပြည် ပြန်ပို့လိုက်တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ